အပိုင်း - ၇ (Zawgyi + Unicode)

23.8K 2.8K 197
                                    

#For Zawgyi

ဒီနေ့ ဆက်စေဓနတို့ ဆေးရုံ လူစည်နေသည် ။ ဆေးရုံဆိုတာ လူစည်ကားသင့်တဲ့ အရပ်မဟုတ်တာမို့ ထိုစည်ကားခြင်း အချင်းအရာပေါ်မှာ ဘယ်သူမှ ပျော်မနေနိုင်ကြပေ ။ များလွန်းလှတဲ့ လူနာတွေကြောင့် ဆရာဝန်တွေရော သူနာပြုတွေရော ရှိရှိသမျှ တာဝန်ကျ ဝန်ထမ်းအားလုံး ပင်ပန်းနေကြပြီ ။ သူကိုယ်တိုင်လည်း မနက်စ,ရောက်ကတည်းက အခု နေ့လည်စာစားချိန်အထိ တစ်ချက်မှမနားရသေး ။

" ကိုစေ လူနာတွေအကုန်ရှင်းပြီလား "

သူနာပြုလေးတစ်ယောက်က အခန်းဝမှ ခေါင်းပြူကာမေးလာတော့

" အခုပဲ အကုန်ပြတ်သွားတယ် ဇင်မာရေ ၊ အလုပ်ပါးသွားတုန်းလေး ငါလည်း ထမင်းသွားစားလိုက်ဦးမယ် ၊ ညည်းတို့ရော စားပြီးပြီလား "

" ဇင်မာတို့လည်း ခုပဲ စားတော့မလို့ ကိုစေ "

" အေး အေး "

" အပြင်မှာ ကိုစေ့ဧည့်သည် ရောက်နေလို့ လာပြောတာ "

" ဟေ ဘယ်သူလဲ "

" ကောင်လေးတစ်ယောက်ပဲ ၊ ရောက်နေတာ တစ်နာရီလောက်ရှိနေပြီ ၊ သူက ကိုစေအလုပ်အားတဲ့အထိ ထိုင်စောင့်မယ်ဆိုလို့ ဇင်မာလည်း လာမပြောတာ "

" အေး အေး ကျေးဇူးပဲ ဇင်မာရေ ၊ ငါအခုလာခဲ့မယ် "

ဘယ်သူပါလိမ့် ။ တော်ရုံတန်ရုံ သူ့ဆီလာသည့်ဧည့်သည်ဟူ၍ သိပ်မရှိတတ်တာမို့ အထူးအဆန်းလိုဖြစ်နေသည် ။ ကိုယ့်ကို တစ်နာရီတောင် စောင့်ထားရသည်ဆိုသည့် ဧည့်သည်အား ဘယ်သူမှန်းမသိသော်လည်း စိတ်ထဲမှ အားနာမိဧ။် ။

အပြင်ကို အမြန်ထွက်လာခဲ့ပြီး ကိုယ့်အားစောင့်နေသည့် ဧည့်သည်ဆိုသူကို မြင်လိုက်ရချိန်မှာ အံ့သြစိတ်နဲ့အတူ မျက်လုံးတောင် ပြူးချင်ချင်ဖြစ်သွားသည် ။

ဧည့်သည်ဆိုတာ...သူ ဘယ်လိုမှ မျှော်လင့်မထားသော အသာရယ်လေ ။

" အသာ "

" ဟော အကို...အလုပ်ပြီးသွားပြီလား "

" အင်း အခုလတ်တလောတော့ အားသွားပြီဆိုပါတော့ကွာ ၊ ဒါနဲ့ အသာက ကိုယ့်ဆီလာတာလား "

လမင်းမျှော်သူ ( လမင်းမျှော်သူ ) Completed Where stories live. Discover now