အပိုင်း ၈

18.8K 1.9K 131
                                    

"အန်းလု....အန်းလု...ချီအန်းလု.....
တံခါးလာဖွင့်ပေးစမ်း...."

ပြင်ပမှတံခါးထုရိုက်သံကြောင့်
အန်းလု အိပ်ချင်မူးတူဖြင့်နိုးလာရသည်။
မိမိမျက်စိအား ပွတ်နေရင်း
အောက်တွင် တစစီကျနေသော
သူ၏ ဘောင်းဘီအား ကောက်ဝတ်လိုက်ပြီး
အခန်းအပြင်ဘက်သို့လျောက်လာခဲ့သည်။

နာရီကိုလှမ်းကြည့်မိတော့
ည ၇နာရီပင်ရှိချေတော့မည်။
အသံကို သေချာနားထေါင်ကြည့်တော့မှ
ဤသည်က အမေ့အသံပင်။

အန်းလု မျက်ဝန်းတို့ပြူးကျယ်လာပြီး
ကြမ်းပြင်ရှိ အင်္ကျီ အားအမြန်ပင်
ကောက်စွတ်ကာ
ဝမ်းသာအားရဖြင့် တံခါးကိုဆွဲဖွင့်လိုက်သည်။

အနက်ရောင်ကုတ်အင်္ကျီနှင့် ရင်ခံအဖြူကို
ဝတ်ဆင်ကာထားပြီး အောက်ရှိစကပ်သည်လည်း
ဒူးထိသာရှည်သည်။
သူမ၏ဆံနွယ်တို့က ဂုတ်အထက်တွင်
အဆုံးသတ်သည်။
မျက်နှာကိုလည်း လှပစွာ
စီခြယ်ထားသေးသည်။
ပိုက်ဆံအိတ်အလတ်စားအရွယ်ကို
လက်ကောက်ဝတ်တွင်ချိတ်ကာထားသည်။

အန်းလုက အော်ခေါ်လိုက်သည်။

"မေမေ......အမ်....."

အန်းလုခေါင်းကိုနည်းနည်းမော့ကြည့်မိတော့
သူမ၏နောက်တွင် ကချီရှန်းပင်။

ချက်ချင်းပင်သူ၏ခေါင်းထဲ၌ေ မးခွန်းများက
ပြည့်နှက်ကုန်၏။

(ရှန်းရှန်းက.... ဘယ်လို....အမေ့နောက်မှာ...)

အန်းလု၏ မိခင်က ကြောင်ကြည့်နေသော
အန်းလုကိုလျစ်လျူရှုလိုက်ပြီး
အထဲသို့ ဝင်လာလိုက်သည်။

သူမက ဆိုဖာပေါ်တွင်ထိုင်ချလိုက်ပြီး

"လာလေ...ကိုယ်လုပ်ထားတာ
ကိုယ်မသိဘူးလား...အန်းလု....
.နှစ်ယောက်လုံးလာခဲ့..ဒီကို...."

အန်းလုက ချီရှန်းအား ကြည့်၍
မေးမော့ပြသည်။
ချီရှန်းက ဘာမှပြန်မပြောချေ။
ချီရှန်း၏လက်ထဲတွင် သူမ၏ အဝတ်အစားအိတ်နှင့်
တချို့ပစ္စည်းများပြည့်နှက်နေသည်။

အန်းလုက အထဲဝင်လာရင်း
ချီရှန်းအား တိုးတိုးလေးမေးလိုက်သည်။

"ဘယ်လိုဖြစ်တာလည်း...
အမေ့ကို ဘာတွေပြောမိသေးလည်း
သူသိသွားပြီလား....."

Love, but Hurt (We meet again) Season 2( Completed)Where stories live. Discover now