အပိုင်း - ၉ (Zawgyi + Unicode)

21.3K 2.6K 221
                                    

#For Zawgyi

" ဆေးခန်းပြလို့ရသေးလား မသိဘူး ခင်ဗျ "

ည ၉ နာရီထိုးပြီမို့ သူရော အကိုပါ ပစ္စည်းတွေ သိမ်းနေပြီး ဆေးခန်းပိတ်ဖို့ ပြင်ဆင်နေကြပြီဖြစ်သည် ။

အသံလာရာသို့ သူမော့ကြည့်လိုက်တော့ သူနဲ့မတိမ်းမယိမ်းလောက်ရှိမည့် ကောင်လေးနှစ်ယောက် ။ ဖျားနေဟန်တူသည့် တစ်ယောက်ကို နောက်တစ်ယောက်က ကြင်ကြင်နာနာ တွဲပေးထားသည် ။

ကိုယ်နဲ့ဘဝတူတွေမို့လို့ပဲလားတော့မသိ ။ မြင်လိုက်တာနှင့် ဒီနှစ်ယောက်ရဲ့ relationship ကို တန်းပြီး ခန့်မှန်းမိလိုက်သည် ။

" အကိုရေ...ဒီမှာ ဆေးခန်းပြချင်လို့တဲ့ "

" အေး အခန်းထဲ လွှတ်လိုက်ပါ အသာ "

လူနာနှင့်အတူ အဖော်ကောင်လေးပါ စမ်းသပ်ခန်းထဲ လိုက်ဝင်သွား၏ ။ ထိုနှစ်ယောက်ရဲ့နောက်ကျောကို ကြည့်ရင်း သူ့အတွေးတွေ ယောက်ယက်ခတ်လာသည် ။ မြင်လိုက်တာနှင့် ဘယ်လိုပါဆိုတာ သိသာနေသည့် ထိုနှစ်ယောက်အပေါ် အကို့ရဲ့ အမြင်နဲ့ ဆက်ဆံရေးကို သူ အလွန်အမင်း စိတ်ဝင်စားနေမိသည် ။

တော်တော်နှင့်ထွက်မလာသော နှစ်ယောက်ကို အခန်းပြင်ကနေ လည်တဆန့်ဆန့်ဖြင့်မျှော်ရင်း သူ့မှာ ကဏာမငြိမ်တွေ ဖြစ်လာရသည် ။ ခဏကြာတော့ ထိုနှစ်ယောက်နှင့်အတူ အကိုပါ လိုက်ထွက်လာပြီး

" ဒီဆေးတွေ နှစ်ရက်စာလောက် ပေးလိုက်ပါ အသာ "

သူ့မှာ ဆေးတွေထုပ်နေရင်းက အကို့ကိုလည်း အကဲခတ်ရသေးသည် ။ အကိုကတော့ ခပ်ပြုံးပြုံးနှင့်ပင်

" ဆေးနှစ်ရက်စာပေးလိုက်မယ်နော် ညီလေးတို့ ၊ အကယ်၍ မနက်ဖြန်ညနေအထိ အဖျားမကျရင် ပြန်လာပြပေးနော် ၊ အဖျားမကျမချင်း အစာမာမာ စားလို့မရဘူး "

" အဲ့ဒါ ပြောပါဦးဆရာ ၊ ဖျားနေတဲ့အချိန်တောင် သူက မတည့်တာတွေပဲ လျှောက်စားချင်နေတာ ဘယ်လိုမှ ပြောမရဘူး "

လူနာရှင်ကောင်လေးရဲ့ တိုင်တန်းသလိုအပြောမှာ အကိုက ပြုံးရင်း

" မတည့်တာတွေ မစားရဘူးလေ ၊ အဲ့လိုတွေလျှောက်စားလို့ အဖျားမကျရင် နောက်နေ့ ဆေးထိုးရပြီသာမှတ် ၊ ကိုယ့်ကြောင့်တော့ ကိုယ်ချစ်တဲ့သူ စိတ်ဆင်းရဲတာကို မမြင်ချင်ဘူး မဟုတ်လား "

လမင်းမျှော်သူ ( လမင်းမျှော်သူ ) Completed Where stories live. Discover now