11.9 (U)

7.2K 847 17
                                    


11.9

ပန်းအသွင် ရှိခိုးကောင် သုံးကောင်ကို သတ်ပြီးတဲ့ နောက်မှာ အဖွဲ့သားတွေက အဆင့်နိမ်သားရဲ ဖြစ်တဲ့ ခြေရှစ်ချောင်း ဇာ့ဂ် အုပ်စု နဲ့ တွေ့ခဲ့ကြတယ်။

ဘာလို့ဆိုတော့ ယွင်ရှန့်ရဲ့ သတိပေးချက်ကို စောစောစီးစီးရခဲ့ပြီး သူတို့က ကြိုတင်လုပ်ရမဲ့တာဝန်တွေ ခွဲယူထားခဲ့အတွက် လွယ်ကူစွာ ပြီးဆုံးသွားတယ်။

ဒါရန်က သူ့လက်ကောက်ဝတ်ထဲ terminal က သတ်ထားတဲ့ ဇာ့ဂ် အရေအတွက်ကို ကြည့်ပြီး သူက စီရှယ်နောက် ဒုတိယနေရာမှာ ရောက်နေတာ တွေ့လိုက်ရတယ်။ သူက တခြားသူတွေရဲ့ အဆင့်တွေကိုလဲ ရှာကြည့်လိုက်ပြီးနောက် သူ့လက်ကို ပြန်ချလိုက်ပြီး မြစ်ကမ်းဘေးမှာ ဆောင့်ကြောင့်ထိုင်နေတဲ့ ဆံပင်အနက်ရောင်နဲ့ ကောင်လေးကို ငေးကြည့်လိုက်တယ်။

သူက စီရှယ်ရဲ့ စိတ်စွမ်းအားက 3S အထက်ရှိမယ်လို့ ခန့်မှန်းမိပြီးသား ဖြစ်တယ်။ အဲဒီလိုမှမဟုတ်ရင် သူက ဒီလောက်အဝေးကြီး စစ်ဆေးဖြန့်ကျက်နိုင်မှာ မဟုတ်ဘူး။

သူက ပထမစာမေးပွဲမှာ သူ့စွမ်းအားတွေကို ဖုံးကွယ်ထားခဲ့တာပဲ ... တကယ်လို့သာ သူက သာလွန်တဲ့စွမ်းရည်တွေ ပိုင်ဆိုင်ကြောင်း ထုတ်ဖော်မိခဲ့ရင် အယ်ဒရစ် မိသားစုက ဘယ်နည်းနဲ့ဖြစ်ဖြစ် သူ့ကို သတ်ဖို့ ကြိုးစားလိမ့်မယ်။ ပြီးတော့ အခု တတိယစာမေးပွဲက အကောင်းဆုံး အခွင့်အရေး ဖြစ်တယ်။

အယ်ဒရစ် မိသားစုက စီရှယ်ကို လုံးဝ အထင်သေးခဲ့မိတယ်။ ဒါပေမဲ့ ယခု အစီအစဉ် ဆွဲပြီး လုပ်ကြံဖို့ အရမ်းနောက်ကျသွားလေပြီ။ စူးရှထက်မြက်တဲ့ စီရှယ်က ဂလက်ဆီတစ်ခုလုံးရဲ့ အာရုံကို ဖမ်းစားထားပြီးပြီ ဖြစ်တယ်။

ဘယ်လို အင်အားစုတွေက စီရှယ်ကို စောင့်ကြည့်နေတာ မသိတဲ့အတွက် မကောင်းကြံစည်ချင်တဲ့သူတွေအတွက် အခွင့်အရေးက ရောက်မလာခဲ့ပေ။

စီရှယ်ရဲ့ ခြေလှမ်းတိုင်းက အစီအစဉ်တကျဖြစ်ပြီး သူက အင်အားလည်းကြီးသလို ဉာဏ်လည်းကောင်းတယ်။

သူလောက်တော်တဲ့သူ မရှိနိုင်ဘူး။

ဒါရန်က ဒါကိုတွေးမိပြီး ကောင်လေးရဲ့နောက်ကျောကို ကြည့်ရင်း အရူးအမူးစွဲလမ်းနေတဲ့ အပြုံး ပြုံးပြလိုက်တယ်။

ABO world ( Arc 11 FOD ) (completed)Where stories live. Discover now