11.10 (U)

7.2K 934 1
                                    

11.10

ဘားနတ်နဲ့ သူ့အဖွဲ့သားတွေက အဆိပ်ရှိတဲ့ နဂျီကောင်အုပ်ကနေ ပြေးလွတ်ခဲ့ပြီး ဆုံရပ်ဆီ ဦးတည်၍ နာရီဝက်ကြာတဲ့အထိ လမ်းလျှောက်လာကြတယ်။ ဘာအန္တရာယ်မှတော့ ကြုံမတွေ့ခဲ့ဘူး။ ဒါပေမဲ့ သူတို့ရဲ့ စိတ်စွမ်းအားက အပြင်းအထန် အတက်အကျ အပြောင်းအလဲ ဖြစ်လာတယ်။

သူတို့ရဲ့ terminal တွေသာ မကန့်သတ်ထားဘူးဆိုရင် သူတို့ဟာ ဒီအပြောင်းအလဲက လူတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်ကို ထိခိုက်စေနိုင်ပြီး အဆိုးမြင်အတွေးတွေကို ပိုအားပေးကာ အန္တရာယ်ရှိတယ်ဆိုတာ စစ်ဆေးတွေ့ရှိနိုင်မှာ ဖြစ်တယ်။ ဒါပေမဲ့ အခုတော့ သူတို့က အပြောင်းအလဲမှု သေးသေးလေးတောင် မခံစားမိပါဘူး။

ဘားနတ်က အဆင့် ကို မကြာခဏ စိုက်ကြည့်ရင်း သူ့အမူအယာက မြင်မကောင်းလောက်အောင် ဆိုးရွားနေလေတယ် ။

" ဘာလို့ စီရှယ်က နံပါတ် တစ် ဖြစ်နေရတာလဲ။ သူ လိမ်လည်ထားတာပဲနေမှာ။ ချယ်မန်းစစ်ကျောင်းဆီ အတိအလင်း တိုင်ကြားချင်တယ်"

" မင်းမှာ သူများကို အမြဲတမ်း ပြောဆိုခွင့်မရှိဘူး။ စီရှယ်က လိမ်လည်ထားတာမဟုတ်ဘူး။ အားလုံးလည်း သိပြီးသား"

သိမ်မွေ့တဲ့ ပုံပေါက်တဲ့ အဖွဲ့သားတစ်ယောက်က ဘားနတ်ကို အလွန်အထင်သေးတဲ့ အသံမျိုးနဲ့ ပြန်လည်ချေပ ပြောဆိုလိုက်တယ်။ သူက ဒါကို သူ့စိတ်ထဲ အကြာကြီး သိမ်းထားခဲ့တာ ဖြစ်တယ်။ သူက ဘားနတ်ရဲ့ စိတ်သဘောထား သေးသိမ်တာတွေ၊ အလိုဆန္ဒတွေကို စိတ်ကုန်နေပြီ ဖြစ်တယ်။

တခြား အဖွဲ့သားတွေကလည်း သူ့ကို တအံ့တသြ ကြည့်လာကြတယ်။

ဘားနတ်ရဲ့ အမူအယာက ပြင်းထန်နေပြီး သေနတ်ကို ထုတ်ကာ ကောင်လေးရဲ့ မျက်ခုံးကြားကို ချိန််ပြီး အံကြိတ်ရင်း မေးလိုက်တယ်။

" မင်း ဘာပြောလိုက်တယ်"

"မင်းမှာ သူများကို အမြဲတမ်း ပြောဆိုနေခွင့် မရှိဘူး။ မင်းသာ နဂျီကောင်အသိုက်က်ု ဖောက်ခွဲဖို့ ရူးကြောင်ကြောင် အမိန့်မပေးခဲ့ရင် ငါတို့တွေ သေမလိုဖြစ်ခဲ့မှာ မဟုတ်ဘူး။ တစ်ခုခုမလုပ်ခင် အရင် ချင့်ချိန် မဆုံးဖြတ်ဘူးလား။

ABO world ( Arc 11 FOD ) (completed)Where stories live. Discover now