11.11 (U)

7.3K 939 12
                                    

11.11

သူက ဘားနတ်ရဲ့ အပြုအမူတွေနဲ့ ပတ်သတ်ပြီး အလွန် ကျေနပ်နေမိတယ် ။ သူက CT073 ပေါ်မှာ မသေဦးတော့ စစ်တပ်ကောင်စီက ပြစ်ဒဏ်ချရင် သေဆုံးမှာ အမှန်ကန်ပဲ။

နောက်ပြီး ဒီလိုရာဇဝတ်သားကို ပြုစုပျိုးထောင်လာတဲ့ အယ်ဒရစ် မိသားစုလည်း အဆင့်တွေ နိမ့်ကျပြီး ပြီးဆုံးသွားလိမ့်မယ်။ ဘားနက်မိသားစုကနေ လုယူထားသမျှ အရာအားလုံး သူ ပြန်ထိန်းသိမ်းမယ်။

သူက နှစ်ကြိမ် ဖြည်းညှင်းစွာ ရယ်မောလိုက်ပြီး အာဟာရအထုပ်ကို ကျောပိုးအိတ်ထဲ ထည့်လိုက်တယ်။

ကောင်လေးရဲ့ အပြုအမူအားလုံးကို အာရုံစိုက်နေတဲ့ ဒါရန်က သူမစားတာ မြင်ပြီး သူက စိုးရိမ်ပြီး ပြောလိုက်တယ်

" စီရှယ် ဒါတွေက အရသာ ချာလံတူးနေပေမဲ့ နည်းနည်းတော့ စားသင့်တယ်။ မဟုတ်ရင် နက်ဖြန် ဇာ့ဂ်တွေနဲ့ တွေ့တဲ့အချိန်ကျ အားမရှိဘဲ နေလိမ့်မယ်"

" မင်းက သဘာဝရဲ့ စားဖွယ်တွေကို ဘေးချိတ်ပြီး စက်ရုံက ထုတ်တဲ့ ဒြပ်ပေါင်းတွေ စားတာ ရူးတာပဲ "

ယွင်ရှန့်က နဂျီကောင်ဆီ လမ်းလျှောက်ရင်း ဓားနဲ့ ကြီးမားတဲ့ နောက်ခြေနှစ်ချာင်းကို ဖယ်ထုတ်လိုက်တယ်။ အဲဒီနောက် အဲဒါတွေကို မီးကင်လိုက်တယ်။

ဒီအဆိပ်ရှိ နဂျီကောင်တွေရဲ့ ခန္ဓာတည်ဆောက်မှုက ပန်းအသွင် ရှိခိုးကောင်တွေလောက် မသန်မာလေဘူး။ သူတို့က သူတို့ရဲ့ အဆိပ်သယ်ထားတဲ့ ပါးစပ်ကို မှီခိုထားတာ ဖြစ်တယ်။

အချိန်အနည်းငယ်ကြာတဲ့အခါမှာ နဂျီကောင်ရဲ့ အခွံက အသံပေးပြီး ကွဲအက်လာခဲ့တယ်။ ယွင်ရှန့်က သူ့ဓားကို သုံးပြီး ထက်ခြမ်း ပိုင်းလိုက်တဲ့အခါ လတ်ဆတ်တဲ့ ရနံ့သင်းသင်းလေးနဲ့ နူးညံ့နေပုံရတဲ့ အဖြူရောင် အသားအပိုင်းလေး ထွက်ပေါ်လာတယ်။

အသားနံ့ရောနေတဲ့ အနံ့သင်းသင်းလေးက အရသာခံ မကြည့်ဘဲနဲ့ကို ချိုစိမ့်ပြီး အရသာရှိမဲ့ပုံ ပေါက်နေလေတယ်။ ဒါရန်က သူရဲ့ အာဟာရအထုပ်တွေ ဘေးပစ်လိုက်ပြီး ယွင်ရှန့်ဆီ တိုးကပ်လာခဲ့တယ်။ သူက တံတွေးမျိုချရင်း မေးလိုက်တယ်။

ABO world ( Arc 11 FOD ) (completed)Where stories live. Discover now