11.12 (U)

7.4K 891 4
                                    

11.12

အော့စ်ဘွန်းရဲ့ မျက်လုံးထဲက အပြုံး ခဏတာပဲ ကြာလိုက်တယ်။ သူက ကောင်လေးကို နက်ရှိုင်းစွာ ကြည့်လိုက်ပြီး အဲဒီနောက် အရိုးတွေ ကျိုးနေတဲ့ ဘားနတ်ကို ညင်ညင်သာသာ လုပ်မနေဘဲ ယာဉ်ထဲ ပစ်ထည့်လိုက်တယ်။

ဒါရန်က သူ ချက်ချင်းပြန်သွားမယ်လို့ ထင်နေပေမဲ့ သူက ပြန်လှည့်လာပြီး မီးပုံနား ထိုင်ရင်း မေးလိုက်တယ်
" အခုထိ ညစာ မစားရသေးဘူး ဒီမှာ စားသွားလို့ ရတယ်မလား "

"ကိစ္စမရှိပါဘူး။ စားသွားပါ" ယွင်ရှန့်က သူ့ဝေစု ဖြစ်တဲ့ နောက်ခြေ မီးကင်ကို လှမ်းပေးလိုက်တယ်။

နောက်ဆုံး သူက ဘားနတ်ရဲ့ အဖွဲ့သား၂ယောက်ကို လက်လှမ်းပြရင်း

" ဒီကိုလာလေ။ ၂ယောက်တည်းနဲ့ ဒီကနေ အသက်ရှင်ရက် ထွက်သွားနိုင်ဖို့က မလွယ်ဘူးနော် "

တချိန်တည်းမှာပဲ သူက သူတို့ရဲ့ ဦးနှောက်ထဲကို ပို့လွှတ်ထားခဲ့တဲ့ သူရဲ့ ဝိညာဉ်အင်အားက ပြန်လည်ကောင်းမွန်လာခဲ့တယ်။ ဒီလူ နှစ်ယောက်ရဲ့ စိတ်နှလုံးသားက အရမ်းကို တည်ငြိမ်အေးဆေးတဲ့အတွက် သူတို့က ရူးရူးမိုက်မိုက် ဖြစ်မသွားလေဘူး။ သူတို့နဲ့သူငယ်ချင်း ဖြစ်တာက မဆိုးလေဘူး။ ပြီးတော့ သူက ဂလက်ဆီ တခုလုံး စောင့်ကြည့်ခံနေရတဲ့အောက်မှာ ဘားနက်မိသားစုရဲ့ စိတ်ရှည်သည်းခံမှု နဲ့ မြင့်မြတ်တဲ့ သဘောထားကို ပြသဖို့ လိုအပ်ပေသည်။

သူတို့ကို အကာအကွယ်ပေးဖို့ သူ့ရဲ့ ရည်ရွယ်ချက်ကို မြင်ပြီး အဲဒီလူနှစ်ယောက်က အံ့သြသွားပြီး ခံစားသွားရလေတယ်။ သူတို့က ချက်ချင်း လျှောက်လှမ်းလာပြီး အမှန်တကယ် ကျေးဇူးတင်ကြောင်း ပြောလေတယ်။

အော့စ်ဘွန်းက နောက်ခြေမီးကင်ကို သူတို့ကို ပေးလိုက်ပြီး သူက နဂျီအကောင်သေဆီ လှမ်းလျှောက်သွားခဲ့တယ်။ သူက တောင်ပံကို ဖြုတ်လိုက်ပြီး တောင်ပံအောင်ခြေနားက အသားဖြူလေးကို နှစ်တုံး ပိုင်းဖြတ်လိုက်တယ်။ ပြီးနောက် အဲဒါတွေကို BBQ လုပ်ဖို့ မီးပုံဆီ ပြန်လာခဲ့ပြီး သူ့အိတ်ထဲကနေ ဟင်းခတ်အမွှေးအကြိုင်တွေကို ဖြူးလိုက်တယ်။ မွှေးကြိုင်နေတဲ့ အသားအနံ့လေးက ပြန့်နှံ့လာခဲ့ပြီး ဒါရန်က နောက်တကြိမ် သရေယိုလာပြန်တယ်။

ABO world ( Arc 11 FOD ) (completed)Where stories live. Discover now