အပိုင်း ၁၀

18.6K 1.6K 109
                                    

Zawgyi

"ဟို....ကျောင်းသားလေး....."

အန်းလုက ချီရှန်းလက်ကို ဆွဲထားရင်း
ရှေ့ကိုသာ အာရုံစိုက်ကာလျောက်နေသည်။
နောက်မှ အသံတစ်သံကြောင့်
ရပ်တန့်လိုက်ပြီး မျက်စိကိုမှိတ်ကာ
သက်ပြင်းချလိုက်ပြီးမှ

ချီရှန်းကို သူ၏ အနောက်ဘက်သို့
ပြန်ဆွဲလိုက်ပြီး သူကမူ ချီရှန်း၏ရှေ့တွင်
ပြန်ရပ်လိုက်ကာ အသံပိုင်ရှင်ကို
ပြန်အော်လိုက်သည်။

"ငါ့ဟာ...ငါ့လူ...ငါပိုင်တာ....
ဘယ်သူ့ကိုမှလည်းမပေးဘူး...ဘာမှလည်းရမှာမဟုတ်ဘူး....သွားလိုက်တော့...."

အန်းလုက မျက်လုံးကိုစုံမှိတ်ကာ
အော်လိုက်ခြင်းဖြစ်သည်။

ထိုအခါမှ ရှေ့တွင် ရပ်နေသောအသံပိုင်ရှင်က

"ဘာပြောလို့လည်း...ကျောင်းသားလေးဟာမှန်းသိလို့
စေတနာနဲ့ကောက်လာပေးတာလေ...ရော့
ဒီမှာ ကျောင်းအပေါက်ဝမှာ ပစ်ချထားခဲ့တဲ့
ကျောပိုးအိတ်......"

"အမ်........"

အန်းလုက ထိုအခါမှ
သန့်ရှင်းရေးအဒေါ်ကြီးဖြစ်နေမှန်းသိလိုက်ရသည်။
သူမ၏လက်ထဲတွင် သူ၏
ကျောပိုးအိတ်က ရှိနေလေ၏။

ဘေးပတ်ပတ်လည်တွင် အခြားသူများ
သိပ်ပင်မရှိတော့ချေ။
အားလုံးနီးပါး မိမိသက်ဆိုင်ရာသို့
သွားကုန်ကြပြီဖြစ်သည်။

အန်းလုက ချီရှန်းလက်ကို ဆွဲထားရင်းမှ
ကျန်လက်တဖက်ဖြင့် ခေါင်းကိုကုတ်ကာ
ငုံ့လိုက်သည်။
ပါးနှစ်ဖက်က ရဲတတ်လာလေ၏။

ချီရှန်းက အန်းလုကို ကြည့်ပြီး
ပြုံးနေလေသည်။
သို့သော် သူတစ်ခွန်းမျှဝင်မပြောသေး။

"မယူသေးဘူးလား...ငါအမှိုက်ပုံးထဲ
ပစ်လိုက်ရတော့မှာလား...."

အန်းလုက အမြန်ပင်ခေါင်းပြန်ထောင်လိုက်ပြီး
ကျောပိုးအိတ်အား အမြန်ယူလိုက်သည်။
အန်းလုက လက်လှမ်းလိုက်စဉ်၌ပင်
ချီရှန်းက အရင်ဦးစွာ ထိုကျောပိုးအိတ်အား
လှမ်းယူလိုက်သည်။

အန်းလု၏ လက်ကလေထဲ၌ပင် ရပ်တန့်သွားပြီး
လူကမူ ချီရှန်းအား ကြည့်လိုက်သည်။
ချီရှန်းက အန်းလုအား ပြုံးပြလိုက်ပြီး

Love, but Hurt (We meet again) Season 2( Completed)Where stories live. Discover now