11.15 (U)

7.2K 890 10
                                    

11.15

ချယ်မန်း စစ်အကယ်ဒမီကျောင်းရဲ့ ထမင်းစားဆောင်မှာ ကျောင်းသားတွေ အားလုံးက ထိုင်းမှိုင်းနေတဲ့ အမူအယာတွေနဲ့ screen ကြီးကြီးကို စိုက်ကြည့်နေကြတယ်။ သူတို့က စီရှယ်ဟာ စိတ်စွမ်းအားရော၊ ခန္ဓာကြံ့ခိုင်မှုရော 3S အဆင့် ဖြစ်နေလို့ တွေးတောင်မတွေးမိကြပေ။ အတော်ဆုံးတွေလို့ ပြောနိုင်တဲ့ အယ်လ်ဖာ တစ်ချို့ရဲ့မျက်လုံးထဲမှာတောင် ဒါက ပုံမှန်မဟုတ်တဲ့ တည်ရှိမှု ဖြစ်နေတယ်။

ကယ်လီက ညင်သာစွာ ပြုံးပြီး ပြောလိုက်တယ် " သူက တကယ်ကို အထူးခြားဆုံးပဲ"

ဂျိုရှုအာကလည်း ခံစားချက်ကို သိသာအောင်မပြပေမဲ့ ဓားနဲ့ခရင်း ကိုင်ထားတဲ့ သူ့လက်က တုန်ယင်နေခဲ့တယ်။ သူက စီရှယ်မှာ စိတ်စွမ်းအား S ဒါမှမဟုတ် 2S နဲ့ ခန္ဓာကြံ့ခိုင်မှု B+ နဲ့ A- ကြားလို့ တွေးထားတာ ဖြစ်တယ်။ ဒါပေမဲ့ သူက သဝန်တိုစိတ်ကြောင့် စီရှယ်ကို အထင်သေးခဲ့တယ်ဆိုတာ တွေ့ရှိသွားခဲ့တယ်။

သူ့ပုံစံက တောက်ပပြီး ပွင့်လင်းတယ်။ သူက ဗဟုသုတလည်း ကြွယ်ဝတယ်။ စကားပြောရင်လဲ စိတ်ဝင်စားအောင် ပြောတတ်တယ်။ ရဲရင့်ပြီး သတ္တိရှိတယ်။ မှီခိုမှုလည်း ကင်းတယ်။ အနိုင်မခံ အရှုံးမပေးလိုတဲ့ စိတ်ဓာတ်လည်း ရှိတယ် ။

ဒါတွေက အော့စ်ဘွန်း လေးစားဆုံး အရည်အချင်းတွေပဲ ....မဟုတ်ဘူး... အဲဒီလေးစားမှုဆိုတာက သူတို့ကို ပေါ့ပေါ့ပါးပါး ဆက်ဆံတာပဲ ...

သူတို့ကို ချစ်မြတ်နိုးတယ်။ စီရှယ့်အပေါ် အော့စ်ဘွန်းရဲ့ သဘောထားက ပိုပိုပြီး ညင်သာလာတယ်။ သူတို့က တူညီတဲ့ အလားလာကောင်းလည်း ရှိနေတယ်။ မကြာခင်မှာ သူတို့က ပခုံးချင်းယှဉ် ရင်ဘောင်တန်းနိုင်လောက်တယ်။

သူ့ကိုစ်ချိန်က အော့စ်ဘွန်းနဲ့ ယှဉ်နိုင်တဲ့ ချစ်သူဆိုပြီး ချီးမြောက်ခံခဲ့ရတာတွေက အခုချိန်မှာ ဟာသတစ်ခုလိုပဲ

ကြယ်တာရာကွန်ယက်ပေါ်က လူတွေကလဲ အော့စ်ဘွန်းကို အမြင်မရှိဘူးဆိုပြီး ဝေဖန်နေကြတယ်။ တကယ်လို့ သူတို့သာ တိတ်တခိုး မတွဲခဲ့ရင် သူပါရောပြီး အပြောခံနေရလောက်တယ်။ ဂျိုရှုအာ ရဲ့ မျက်နှာက စိုးရိမ်ပူပင်မှုတွေနဲ့ ဖြူဖျော့သွားတယ်။ သူက သူ့ဘာသာ အော့စ်ဘွန်းက စိတ်အပြောင်းအလဲ မြန်တဲ့လူ မဟုတ်ပါဘူး ဆိုပြီး ဖြေသိမ့်နေတယ်။

ABO world ( Arc 11 FOD ) (completed)Where stories live. Discover now