11.19 (U)

6.8K 820 10
                                    

11.19

နှစ်နာရီကြာပြီးတဲ့နောက်မှာ ဒုတိယနှစ်တွေအကုန်လုံး ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှု ပြီးဆုံးသွားရာ အောင်မြင်မှုရာခိုင်နှုန်းက 20% သာ ရှိတယ်။ ဒဏ်ရာရနေတဲ့သူတွေကို ခေါ်ဆောင်သွားပြီး အော့စ်ဘွန်းက ဒုတိယ စစ်ဆေးမှုအတွက် မြေဆွဲအား လေ့ကျင့်ရေးအခန်းကို ဖွင့်လိုက်တယ်။ အဲဒီမှာ မြေဆွဲအား အဆ 50 ရှိပြီး ကိုယ့်ပြိုင်ဘက်နဲ့ တိုက်ခိုက်ရမှာ ဖြစ်တယ်။

အဲဒါက ပထမစစ်ဆေးမှုနဲ့ အဖွဲ့တစ်ခုမှာ လူနှစ်ယောက်ပါတာချင်း တူညီတယ်။ ဒါပေမဲ့ ဒီတခါ ပူးတွဲလေ့ကျင့်ရေးဆင်းရမှာ မဟုတ်ဘဲ အင်ပါယာ မြေဆွဲအားထက် အဆ 50 ရှိတဲ့ အခန်းအထဲမှာ တိုက်ခိုက်ရမှာ ဖြစ်တယ်။ ဒီစစ်ဆေးမှုနှစ်ခု အောင်မြင်တဲ့ ကျောင်းသားတွေကို တကယ် လေ့ကျင့်မှုအတွက် ဂြိုလ်သေးလေးဆီ လွှတ်မှာ ဖြစ်တယ်။

အကဲဖြတ် စစ်ဆေးမှု မာတိကာတွေ ကြေညာတဲ့အခါမှာ ကျောင်းသားအများစုဟာ ခါးသက်တဲ့ အမူအရာတွေဖြစ်သွားခဲ့တယ်။

အော့စ်ဘွန်းက မကြည့်ဘဲနဲ့ ဆက်ပြောတယ် " စီရှယ် မင်းရဲ့ စစ်ဆေးမှုက မြေဆွဲအား အဆ ၁၀၀ ပဲ။ ပြီးတော့ မင်းပြိုင်ဘက်က ငါ......"

သူ့အသံက ကျောင်းသားတွေရဲ့ အသက်ရှုနေတဲ့ အသံတွေကြောင့် မသိမသာ ကွယ်ပျောက်သွားခဲ့တယ်။ မြေဆွဲအား အဆ ၁၀၀ အောက်မှာ ဂလက်ဆီ ရဲ့ စွမ်းအားအကြီးဆုံး လူနဲ့ တိုက်ခိုက်ရမယ်။

အဲဒါက နိုင်ဖို့ အခွင့်အလမ်း မရှိပေ။ စီရှယ်ကို နည်းပြက တမင် ခက်ခဲအောင် လုပ်နေတာများလား။

အော့စ်ဘွန်းက ကောင်လေး မျက်နှာကို တည်ငြိမ်စွာ ကြည့်ပြီး မေးလိုက်တယ် " စီရှယ် မေးစရာ ရှိသေးလား။"

" ရှိတယ် " ယွင်ရှန့်က ရှေ့ထွက်လိုက်ပြီး အလေးအနက် မေးမြန်းလိုက်တယ်။

" တကယ်လို့ ဒဏ်ရာ ရအောင် လုပ်မိခဲ့ရင် အာဏာသုံးပြီး ကျွန်တော့်ကို ပြန်အနိုင်မကျင့်ပါဘူးနော် ဟုတ်တယ်မလား။"

ကျောင်းသားတွေရဲ့ ရယ်သံတွေ ပွက်လောရိုက်သွားခဲ့တယ်။ စီရှယ်က ဒါကိုသုံးပြီး ဗိုလ်ကြီး အော့စ်ဘွန်းကို မကျေနပ်တာတွေ မသည်းခံတော့ဘူး ထင်တယ်။ဒါပေမဲ့ သူက ယုံကြည်မှုရှိလွန်းပြီး အကြောက်တရား ကင်းမဲ့လွန်းနေတာ မဟုတ်ဘူးလား။

ABO world ( Arc 11 FOD ) (completed)Where stories live. Discover now