11.21 (U)

6.6K 784 9
                                    

11.21

အော့စ်ဘွန်းက ငုံ့ချလိုက်တယ်။ ဒါပေမဲ့ ဂျိုရှုအာ တွေးထားသလို ဝင်ရောက်လာခဲ့တာမျိုး မဟုတ်ဘဲ အဲဒီအစား နှာခေါင်းရှုံ့လိုက်တယ်။

" ဂျိုရှုအာ မင်းကိုယ်မင်းကြည့်ဦး ။ ဘယ်လောက်တောင် အမြင်ဆိုးပြီး သနားစရာကောင်းနေလဲဆိုတာ။ ငါ့ကို တွန်းအားပေးတာ ဖြစ်နိုင်မယ် ထင်နေလား။

မင်းက အမှားတွေလုပ်နေတာပဲ။ မင်း အယ်လ်ဖာနဲ့ တစ်ခါပေါင်းစပ်လိုက်တာနဲ့ မင်းက သူ့ကို အမြဲသစ္စာရှိနေပြီး ခံစားချက်တွေလဲ တိုးပွားလာလိမ့်မယ်။ မင်းက သူ့အမိန့်တွေကို သဘောမတူဘူးဆိုရင်တောင် မင်းက အမြဲနားထောင်နေရမယ်။ ဒါက အိုမီဂါ ရဲ့ သဘာဝပဲ။ ဘယ်သူမှမတွန်းလှန်နိုင်ဘူး။ "

" မင်းကို အမှတ်အသားပြုထားတဲ့ အယ်လ်ဖာက မင်းကို ထားသွားတာနဲ့ ရက်အနည်းငယ်နေရင် မင်း သေရလိမ့်မယ်။ ပြီးတော့ Heat ဖြစ်နေချိန် ညဘက်တွေမှာလဲ ပိုစွမ်းအားကြီးတဲ့ အယ်လ်ဖာက အရင်အမှတ်အသားကို ဖျက်ပြီး နောက်တခေါက် မင်းကို ထပ်မပြုခင်အထိ မခံမရပ်နိုင်လောက်အောင် ခံစားနေရမယ်။

အိုမီဂါ တွေက ကျိုးပဲ့လွယ်တဲ့ သက်ရှိတွေပဲ။ အမှတ်အသား လုပ်မိတာနဲ့ အယ်လ်ဖာ နဲ့ခွဲမနေနိုင်တော့ဘူး။ သူတို့က တစ်ယောက်တည်း ကြာရှည်စွာ မရပ်တည်နိုင်တော့ဘဲ အယ်လ်ဖာ တွေရဲ့ အသုံးတော်ခံ ဖြစ်လာလိမ့်မယ်"

သူရဲ့ ခြေသလုံးကို ဖက်ထားတဲ့ ဂျိုရှုအာ လက်ကို ကန်ထုတ်လိုက်ပြီး ဆက်ပြောလိုက်တယ်။

" မင်းက ရည်မှန်းချက်ကြီးတယ်။ ဒါပေမဲ့ အဲဒါကို ရရှိအောင်မြင်ဖို့ရာ မင်းမှာအရည်အချင်း မရှိဘူး။ မင်းက စီရှယ် သူရဲ့ ဂလင်း ဖယ်ထုတ်တဲ့ အပြုအမူကို ငြင်းဆန်ပြီး မင်းကိုယ်မင်း ကျန်းမာတဲ့ခန္ဓာနဲ့ စစ်တပ်ကို ဝင်ခွင့်ရတာကို တကယ် ရဲရင့်တယ်လို့ ထင်နေတယ်။ ဘာလို့ဆို မင်းက မင်းရဲ့သဘာဝကို တွန်းလှန်နိုင်တယ်လို့ ထင်ခဲ့လို့...... ဒါပေမဲ့ တကယ်တမ်းကျ မင်းက တွန်းလှန်ခဲ့တာ မဟုတ်ဘူး။ မင်းရဲ့အောင်မြင်မှုကို ရဖို့ ဖြတ်လမ်းကို ရွေးချယ်ခဲ့တာပဲ"

" အယ်လ်ဖာ တွေအများကြီးထဲက ငါ့ကို ရွေးချယ်ခဲ့တာကလည်း သေချာပေါက် ငါ့ကို ချစ်လို့ မဟုတ်ဘဲ ငါက အသန်မာဆုံးဖြစ်နေခဲ့လို့... သေချာ စဉ်းစားကြည့်ဦး။ ဒါတွေက မင်းရဲ့ အတွေးမှန်တွေလေ။ မင်းရဲ့အောင်မြင်မှုကို စွမ်းအားကြီးတဲ့ အယ်လ်ဖာကို မှီခိုပြီး ရောက်ချင်တာလေ။

ABO world ( Arc 11 FOD ) (completed)Where stories live. Discover now