final (U)

14.3K 947 9
                                    

ဇာတ်သိမ်း

ယွင်ရှန့်က ဇာ့ဂ်ခေါင်းကို အပေါက်ဖြစ်အောင် ထိုးချလိုက်တယ်။ အဲဒီနောက် သူက လှည့်လိုက်ပြီး ကျူးကျော်လာတဲ့ ဇာ့ဂ်တကောင်ကို ကန်လွှတ်လိုက်တဲ့အခါမှာ မီတာအများကြီး လွင့်ထွက်သွားရုံသာမက ကြေမွသွားခဲ့တယ်။ နံရံပေါ် အကြွင်းအကျန်တွေ တင်နေခဲ့တယ်။ သူ့နောက်မှာတော့ အော့စ်ဘွန်းက ဇာ့ဂ်အချို့ကို ရက်စက်စွာ ခြေလက်တွေဖြတ်ပြီး သတ်ပစ်ခဲ့တယ်။ သူ့လက်တွေ သန့်ရှင်းသွားဖို့ သူတို့ရဲ့ ခန္ဓာကို သုတ်ခဲ့လေတယ်။

ယွင်ရှန့်က ဇာ့ဂ်အသေကောင်တွေ စုနေတဲ့နေရာဆီ လမ်းလျှောက်သွားရင်း နှာခေါင်းရှုံ့လိုက်တယ်

" ဘုရင်ရော၊ ထိပ်တန်းအရာရှိ ခေါင်းဆောင်ရော၊ တပ်မဟာ(၃)၊ တပ်မဟာ(၄)၊ တပ်မဟာ(၅)တွေရဲ့ ခေါင်းဆောင်တွေရော တော်ဝင်အစောင့်တပ်မှုူး၊ ဗိုလ်ချုပ်တွေ ဒါတွေအကုန်လုံးက အင်ပါယာရဲ့ အတော်ဆုံး အရည်ချင်းရှိတဲ့သူတွေပါ။ ဒါပေမဲ့ သူတို့က ဇာ့ဂ်တွေဖြစ်နေခဲ့တာ ကြာပြီ။ ဒါက လန်နွန်း အင်ပါယာလား၊ ဇာ့ဂ်အင်ပါယာလား"

လူတွေအားလုံးက စောစောက မြင်ကွင်းမှာ စိတ်နဲ့ကိုယ်နဲ့မကပ်ဆဲဖြစ်ပြီး သူတို့က တွေဝေငေးမောနေတဲ့ မျက်လုံးတွေနဲ့ သူ့ကို ကြည့်နေကြတယ်။

" အခုချိန်ကစပြီး လန်နွန်း အင်ပါယာက စစ်တွင်းကာလအခြေအနေကို ရောက်နေပြီလို့ ကြေညာချင်တယ်။ ဂျိုရှုအာ နဲ့ အဆက်အဆံရှိတဲ့သူအားလုံး သူတို့ လူသားဟုတ်၊ မဟုတ် စစ်ဆေးဖို့ ကျယ်ပြန့်တဲ့ စစ်ဆေးမှုတွေ ခံယူကြရမယ် "

" တကယ်လို့ လွတ်လပ်ခွင့် ဗဟိုအစိုးရအဖွဲ့ဒါမှမဟုတ် ဘယ်လို့သမ္မတနိုင်ငံတို့က ဒီအချိန်မှာ အင်ပါယာကို သိမ်းသွင်းဖို့ ကြိုးစားခဲ့ရင် 6798 မှာ ရေးထိုးထားတဲ့ သဘောတူစာချုပ်အရ ကျွန်တော်တို့မှာ နိုင်ငံနှစ်နိုင်ငံလုံးအပေါ် ထူးခြားတဲ့ စစ်လက်နက်တွေ အသုံးပြုခွင့်ရှိတယ် "

ယွင်ရှန့်က ကင်မရာကို ဖြည်းဖြည်းချင်း ဖွင့်ရင်း ပြောလိုက်တယ်။

အဲဒီနောက် သူက စစ်သားတစ်ယောက်ကို လက်ညွှန်းထိုးပြီး အမိန့်ပေးလိုက်တယ်

ABO world ( Arc 11 FOD ) (completed)Where stories live. Discover now