အပိုင်း - ၂၁ ( Zawgyi + Unicode )

20.2K 2.5K 162
                                    

#For Zawgyi

မနေ့ညနေပိုင်း မမမွန်နဲ့ အပြင်ထွက်သွားပြီး ပြန်လာကတည်းက အကိုဟာ မျက်နှာမကောင်းပေ ။ သူ့ကိုလည်း စကားလာမပြော ။ အကိုတင် မဟုတ် ။ ပုံမှန် သူ့ကို စ,နောက်နေကျ မမမွန်နဲ့ မမဟေမာတို့ကပင် သူ့အား ခပ်စိမ်းစိမ်း ဖြစ်နေသလို ။

ဒီ့မတိုင်ခင် သူ ကလေးတွေကို စက္ကူခေါက် သင်ပေးနေရင်း "ဘာ..." ဆိုတဲ့ အကို့ အသံကျယ်ကျယ်တစ်ချက်ကို ကြားလိုက်ရသေးသည် ။ သူ အလန့်တကြားဖြင့် လှမ်းကြည့်မိတော့ အကိုက သူ့ကို စိုက်ကြည့်နေခဲ့သည် ။ ထိုခဏမှာ မမမွန်က အကို့အား ခြံပြင်သို့ ဆွဲခေါ်သွားပြီးနောက်  နှစ်ယောက်သား တော်တော်နှင့် ပြန်မလာကြတော့ချေ ။

ဘာပြဿနာများ ဖြစ်လို့လဲဆိုပြီး သူ့မှာ စိတ်ကလည်းပူ နောက်ကလည်း လိုက်မသွားရဲနှင့် ရင်တမမ ဖြစ်နေခဲ့ရသည် ။ တော်တော်ကြီးကြာမှ ပြန်ရောက်လာကြပြီးနောက်မှာ အကိုဟာ သူ့အပေါ် လုံးဝ စိမ်းသက်သွားသလို ခံစားလိုက်ရ၏ ။

အရင်လို အသာ ထမင်းစားပြီးပြီလားဆိုပြီးလည်း ဂရုတစိုက် မေးလာခဲ့ခြင်း မရှိတော့ချေ ။ အကိုကိုယ်တိုင်လည်း ညစာထမင်းစားတာ မတွေ့ရ ။ သူလည်း ထိုနေ့ညစာ လွတ်ခဲ့ပါသည် ။

စိတ်ပူရလွန်း၍  ဘာပြဿနာများ ဖြစ်လဲဟု မေးချင်သော်လည်း မျက်မှောင်ကြုတ်ကာ စိတ်ရှုပ်သလို ဖြစ်နေပုံရသော အကို့ကြောင့် သူ့မှာ မမေးရဲပြန် ။ အကို ငြိုငြင်မှာကို သေမလောက်ကြောက်တဲ့သူမို့ သူ့မှာ နေမထိ ထိုင်မသာနဲ့ ခပ်လှမ်းလှမ်းမှသာ အကဲခတ်နေရသည် ။

မမမွန်နဲ့မမဟေမာကို အရဲစွန့်ပြီး သွားမေးပြန်တော့လည်း ဘာမှမဟုတ်ပါဘူး အလုပ်ကိစ္စပါဟူသော မရေမရာ အဖြေကိုသာ ရသည် ။

အကို့ထံမှာ ဖြစ်နေတဲ့ ပြဿနာဟာ သူနှင့်သက်ဆိုင်နေပါတယ်လို့ ဘယ်သူကမှ မပြောဘဲ အလိုလို ခံစားသိရှိ နေရခြင်းကလည်း သူ့ရင်တွင်းမှာ ကြီးစွာသော အပူကို ဖြစ်စေသည် ။

သူ အကို့ကို သဘောကျနေတယ်ဆိုတာကိုများ မမမွန်တို့က ရိပ်မိသွားပြီး အကို့အား ပြောပြလိုက်လေသလား ။ အဲ့ဒါကြောင့် အကိုဟာ သူ့ကို ရှောင်ဖယ်နေတာလား ။

လမင်းမျှော်သူ ( လမင်းမျှော်သူ ) Completed Where stories live. Discover now