.. ၂ ..
28.6K 2.3K 16
《Zawgyi》
အပိုင်း - ၂ [ နာမည်တူ - ၂ ]
အခုမှ ဝင်လာတဲ့ အသံတစ်သံကို သတိထားမိလိုက်တဲ့ အခါမှာ လင်းဟွေ့ ချက်ချင်းပဲ အနောက်သို့ လှည့်ကြည့်လိုက်တော့ အလွန်ဒေါသထွက်နေကာ လူသတ်လိုသော အရိပ်အငွေ့တွေ လွှမ်းခြုံနေတဲ့ ချင်းစုယွဲ့အား မြင်လိုက်ရသည်။ ထိုလူမှာ အလျှင်အမြန် ခေါင်းမော့လိုက်ကာ ပုလင်းကို တားဆီးလိုက်ရ၏။
ချင်းစုယွဲ့မှာ အလွန်စိတ်ဆိုးဒေါသထွက်နေရကာ ထပ်မံရှေ့တိုးလိုက်ပြန်သည်။ ဒါပေမယ့် မကြာခင်မှာပဲ သူမလက်ထဲမှ ပုလင်းကို ဆွဲလုခံလိုက်ရသည်။
"ချင်းစုယွဲ့ ... မင်း ရူးနေတာလား !!"
"ဟုတ်တယ် ... ငါ လုံးဝကို ရူးသွားပြီ ! နင့်ကို လူတစ်ယောက်လို့ ထင်ခဲ့မိတာ ငါရူးနေခဲ့လို့ပဲ ဖြစ်ရမယ်" သူမ ကျဉ်းထဲကျပ်ထဲ ရောက်နေချိန်မှာတောင် မျှော်လင့်ချက်ကို ရှာဖွေနိုင်သေးတယ်လို့ အမြဲတမ်း ထင်ခဲ့မိတာ ... ဒါပေမယ့် နောက်ဆုံးတော့ ... သူမရဲ့ မျှော်လင့်ချက်တွေ အားလုံးကို တိရစ္ဆာန်ထက်တောင် ဆိုးဝါးတဲ့ ဆန်ကုန်မြေလေး ရွံစရာကောင်အပေါ် ပုံအောထားခဲ့မိတာပဲ !!
"ကောင်းပြီလေ! ငါက လူမဟုတ်ဘူးပဲထား.. အဲ့တာဆို မင်းလည်း ဘာမှမကွာဘူး ! ဒီ ရှန်ကျင်းမြို့ကလူတွေအကုန်လုံး မင်း အရှက်မရှိ တန်ဖိုးမဲ့ပြီး ချန်းစီနျန်နောက်ကို တကောက်ကောက်လိုက်ခဲ့တာကို မသိတဲ့သူ ဘယ်သူရှိသေးလို့လဲ? နောက်ဆုံးတော့ မင်း အမှိုက်လို လွှင့်ပစ်ခံခဲ့ရတာပဲလေ ..."
"ဟုတ်တယ် ! မင်း ငါ့ခေါင်းကို ကွဲကြေအောင် ရိုက်ချင်နေသလိုပဲ ငါလည်း မင်းကို စွန့်ပစ်ချင်တယ် !"
သူမတို့နှစ်ယောက်ရဲ့ ရန်ဖြစ်ငြင်းခုံနေတဲ့ ဇာတ်လမ်းကို စိတ်ပါဝင်စားစွာ ဘေးကနေ ရပ်ကြည့်နေတဲ့ ...ခန္ဓာကိုယ်အား ညအိပ်ဝတ်စုံဖြင့် ခြုံထားတဲ့... ကုတင်ဘေး၌ ရပ်နေသော စက်ဆုပ်ဖွယ် မိန်းမအား ချင်းစုယွဲ့ ဖျတ်ခနဲ ကြည့်လိုက်၏။ ထိုသို့ ကြည့်လိုက်ပြီးတဲ့နောက် ခဏမှာပဲ သူမရဲ့ ဒေါသတွေ ထပ်မံ ပွင့်ထွက်လာပြီးတဲ့နောက် လင်းဟွေ့ရဲ့ မျက်နှာကို ရိုက်ဖို့ သူမရဲ့လက်ကို မြှောက်လိုက်သည်။