.. ၅ ..
23.6K 2.3K 10
《Zawgyi》
အပိုင်း - ၅
[ မပတ်သတ်မိအောင် ရှောင်ရှားရမယ်]
ချန်းစီနျန်က ချင်းစုယွဲ့အား သူ့မျက်စိရှေ့၌ ထပ်ပေါ်မလာတော့ဖို့ သတိပေးခဲ့သည်။ သူမ ကြမ်းပြင်ပေါ်မှာ ရှိုက်ငိုနေတော့ ချင်းကွမ်းချန်က ဘေးမှာ ဆောင့်ကြောင့်ထိုင်လိုက်ကာ သူမကို ထူပေးလိုက်သည် ... "ကိုကို ညီမလေးကို မပြောခဲ့ဘူးလား .. သူက ညီမလေးအတွက် မဟုတ်ဘူးလို့ .. ချန်းစီနျန်က ညီမလေး အတင်းအကျပ် ကြိုးစားပြီး ဘေးမှာ ကပ်တွယ်နေလို့ရမယ့်သူမျိုး မဟုတ်ဘူး နောက်ဆုံးတော့ ညီမလေး သိသွားပြီမလား?"
သူ့ညီမလေး အပြင်းအထန်ငိုနေသည်မှာ မျက်ရည်တွေက မိုးတွေရွာနေသလိုပင်။ သူမက ဒေါသတကြီးဖြင့် ... "ဒါပေမယ့် ညီမလေးက ဘာတတ်နိုင်မှာလဲ ? ညီမလေး သူ့ကို ချစ်မိသွားရုံတင်လေ !" ချင်းကွမ်းချန်၏ မျက်နှာမှာ မဲမှောင်လာပြီးလျှင် သူ့ညီမလေးအား တိတ်တဆိတ်သာ စိုက်ကြည့်နေမိသည်။
မင်း တတ်နိုင်သမျှ အစွမ်းကုန် ကြိုးစားပြီးတော့ တကောက်ကောက်လိုက်နေတဲ့ လူက မင်းကို ပြန်စိတ်မဝင်စားဘူးလေ.. သူ ငြင်းပယ်နေတာ ဒီလောက် အသိသာကြီးကို.. အဲ့ဒါကြောင့် ဘာလို့ သူ့ကို လွတ်လွတ်လပ်လပ် သွားခွင့်ပေးပြီး အေးအေးချမ်းချမ်း မနေစေရတာလဲ?
ယခုလက်ရှိ ချင်းစုယွဲ့မှာ ထိုအချိန်ကချင်းကွမ်းချန်အပေါ် အတော်လေး ကရုဏာသက်မိလေသည်။ တစ်ကယ်တော့ ဒီလို ခေါင်းမာတဲ့သူမျိုးကို စည်းရုံးဖြောင့်ဖြဖို့ သူ ဘာမှမစွမ်းနိုင်ခဲ့ပေ။ ထိုအတွေးတွေနှင့်အတူ ချင်းစုယွဲ့တစ်ယောက် အိပ်ပျော်သွားသည်။ ပြန်နိုးလာတော့ မနက်စောစောပင် ဖြစ်နေချေပြီ။ ဒီအချိန်မှာတော့ ခုတင်ရှေ့တွင် ထိုင်နေသောသူမှာ ဗီလိန်ဇာတ်ကောင်၏ လှပလှတဲ့ မာမားပင် ဖြစ်လေသည်။
ချင်းစုယွဲ့ တွေးမိတာက သူမ ဒီကမ္ဘာကို ကူးပြောင်းလဲပြီးထဲက သူမ အရင်နေရာဆီသို့ ပြန်လမ်းအား မရှာဖွေရသေးတာကိုပင်။ ဆိုရိုးစကားတစ်ခု ရှိတယ်မလားး .."အချိန်ရဲ့တန်ဖိုးကို သဘောပေါက်တဲ့သူမှသာ ထူးချွန်တဲ့သူ ဖြစ်လာလိမ့်မည်"တဲ့ ..သူမ ပြန်သွားနိုင်ဖို့ နည်းလမ်းက ဖြစ်ရိုးဖြစ်စဉ်အတိုင်း ဇာတ်လိုက်နဲ့ ဇာတ်လိုက်မတို့ နှစ်ဦးသား ပျော်ရွှင်စွာ ပေါင်းဖက်သွားကြလေသတည်း ဟူတဲ့ဇာတ်သိမ်းကို အလွယ်တကူ စောင့်နေဖို့သာ ရှိတော့သည်ပေါ့။ နောက်ပိုင်း ဘာပဲဖြစ်လာလာ သူမကိစ္စမဟုတ်ပေ။ ဒါပေမယ့် ဇာတ်သိမ်းပိုင်း မရောက်ခင် သူမရဲ့ တည်ရှိမှုကို တတ်နိုင်သမျှ သေးငယ်အောင်လုပ်ပြီး သူတို့နှစ်ယောက်နဲ့ သွားမပတ်သတ် မရှုပ်မိအောင်နေမှ ဖြစ်မည်။ ဒီနည်းနဲ့ အရာအားလုံး အိုစခေသွားလိမ့်မယ် ဟုတ်တယ်ဟုတ်?