.. ၇ ..
22.6K 2.5K 85
《Zawgyi》
အပိုင်း - ၇ [ ဆုံတွေ့ခြင်း ]
ချင်းစုယွဲ့ရဲ့ မေးခွန်းတွေအတွက်တော့ ကျောင်းပြန်စတက်တဲ့နေ့မှာတင် အဖြေအားသိရှိသွားလေသည်။ ချင်းကွမ်းချန်က သူမကို ကျောင်းသို့ ကားမောင်းလိုက်ပို့ပြီးတဲ့နောက်မှာ ကျောင်းအုပ်ကြီးရဲ့ ရုံးခန်းသို့ ဆယ်မိနစ်လောက် အချိန်ပေး သွားရောက်ပြီးနောက် သူမထံသို့ စာရွက်တစ်ရွက်ကို ကမ်းပေးလာသည်။ ၎င်းပေါ်၌ သူမကို ဌာနပြောင်းခွင့်ပြုသည့် ခွင့်ပြုချက်အား ရေးသားထားလေတာ ဖြစ်သည်။ စာရွက်အောက်ခြေမှာတော့ ကျောင်းအုပ်ရဲ့ လက်မှတ်နှင့်အတူ အနီရောင် တောက်နေသည့် ကျောင်းတံဆိပ်တုံးပါ ပါရှိလေ၏။
ချင်းစုယွဲ့တစ်ယောက် လုံးဝကို ရှော့ရသွားရှာသည် .. ဒီဘက်ခေတ်မှာ ဌာနတွေပြောင်းဖို့ အဲ့လောက်တောင် လွယ်တာလား? ပြီးတော့ သူမက အခု နှစ်ဝက်တောင် တက်ပြီးတဲ့ ဒုတိယနှစ်ကျောင်းသူမလား?
သူ့ညီမလေး မျက်လုံးတွေပြူးကာ တအံ့တဩ ဖြစ်နေသည်ကို တွေ့လိုက်ရတဲ့အခါမှာတော့ ရိုးရိုးသားသား တွေးခေါ်တတ်ပုံကိုကြည့်ပြီး ချင်းကွမ်းချန်တစ်ယောက် ကယ်ရာမဲ့သွားလေသည်။အရင်တုန်းက သူမရဲ့ တားမရဆီးမရ ဝင့်ကြွားမှုက သိပ်မကောင်းလှပေမယ့်လည်း အခုလက်ရှိ အမူအရာမှာလည်း ကြည့်ရတာ စိတ်ညစ်ဖို့ ကောင်းနေတုန်းပင် ဖြစ်သည်။ ဟုတ်တယ်လေ .. သူကျတော့ စမတ်ကျပြီး သူ့တစ်ဦးတည်းသော ညီမလေးကျမှ ကျပ်မပြည့်ရှာတာကို သူဘာလုပ်ရမှာလဲ !
နောက်ဆုံးတော့ သူ့ရဲ့အူတူတူ ညီမလေးကို ဂုဏ်သရေရှိရှိ လူကြီးလူကောင်းဆန်ဆန် သိက္ခာအကျခံလိုက်ကာ ရှင်းပြရတော့သည် ... "ဒီကျောင်းမှာရှိတဲ့ ရင်းနှီးမြှုပ်နှံငွေတွေထဲက တစ်ဝက်က ကိုကိုတို့ ချင်းမိသားစုဆီကလေ ... ဌာနပြောင်းချင်တာလေးများ စကားတစ်ခွန်းပြောလိုက်ရုံပဲ လွယ်လွယ်လေးကို " သူရှင်းပြပြီးသည့်နောက် သူ့ဟာသူ တွေးနေမိသေးသည်မှာ 'ငါ လူကိုယ်တိုင် ဒီကိုရောက်လာတာကပဲ ကျောင်းအုပ်ကြီးကို လေးစားမှုပြတာထက်တောင် လွန်နေပြီ'
ချင်းစုယွဲ့မှာ သူမလျှာလေးအားထုတ်ကာ ပြောင်လိုက်ပြီး ဟာသနှောလျက် .. " အမှန်တော့ ငွေသာရှိရင် သရဲတွေကတောင် မင်းအတွက် အမှုန့်ကြိတ်ချေပေးဖို့ လိုလားတယ်"
[တရုတ်ဗန်းစကားတစ်မျိုးပါ.. မင်းမှာသာ ပိုက်ဆံရှိရင် ဘယ်သူမဆို မင်းအတွက် အလုပ်လုပ်ပေးဖို့ လိုလားသည်ဟုဆိုလို... သေပြီးတာတောင် ပိုက်ဆံက အရေးကြီးမကြီး ဟိုတယ်ဒယ်လူနာကိုသာ မေး :3]