part 30(zawgyi +uni)

72.6K 6.4K 109
                                    


ခေတ်နွေသည် ညဘက် မအိပ်မှီ facebook သုံးနေသည်။ တင်သမျှ post များကို ကြည့်နေရင်း သီချင်းတစ်ပုဒ်က်ုတွေ့လိုက်ရ၍ နားကြပ်လေးကောက်တပ်လိုက်ကာ ဝင်ကြည့်ပြီး နားထောင်လိုက်သည်။ သီချင်းစဖွင့်ချင်းမှာ သာယာတဲ့ အသံလေးဖြင့် နားထောင်လို့ အလွန်ကောင်းသည်။ ဆိုထားသည့် ကောင်မလေး၏ အသံချိုချိုက သီချင်းတစ်ပုဒ်လုံးကိုနားထောင်ချင်လောက်အောင်ထိ ဆွဲဆောင်သည်။ ထို့ကြောင့် သူဆက်လို့ နားထောင်လိုက်သည်။ သို့ပေမဲ့ သူနားထောင်းနေရင်း သီချင်းစာသားမှာ သူ၏ ရင်အစုံအားလှုပ်သွားစေသည်။

**ခေါင်းလောင်းလေးတွေမြည်နေပြီ........ ငှက်ကလေးတွေလည်းတေးဆိုသည် နာရီစင်က သုံးချက်တီးသံမြည်....**

**နှင်းတွေလည်းကျနေပြီ.... ဒီဆောင်းမြောက်လေမြူးသည်...... အခုတော့ သိပြီ....... သူ့ကိုကိုယ်ချစ်သည် **

**သူ့ရဲ့ အပြုံးဟာ ရင်ခုန်သည်....တစ်သက်လုံး ဒီအတိုင်းချစ်ချင်သည်.....အကြင်နာ အချစ်စကား...ပြောခွင့်ပေးပါ အတည်....**

**အသည်းမှာလည်း စိုးရိမ်သည်.....သူများဦးမှာ တွေးကြောက်သည်.....အခုတော့ သိပြီ.....
သူ့ကို ကိုယ် ချစ်သည်**

ထိုစာသားလေးကြောင့် ခေတ်နွေ၏ ရင်တွေ ခုန်ခဲ့သလို အတွေးထဲ၌လည်း ဦးမာန်၏ ပုံရိပ်တွေ ထင်နေခဲ့ပါသည်။ အခုတော့ သိပြီ သူ့ကိုကိုယ် ချစ်သည် ဟူသည့် သီချင်းသံလေးကြား ခေတ်နွေ ရင်ခုန်စွာနဲ့ ပြုံးလိုက်မိသည်။ ထို့နောက် သီချင်းအား ဆက်လက် နားထောင်နေသည်။

** ကျောင်းသွား ကျောင်းပြန် အချိန်မှန် အမြဲစောင့်လို့ ကြည့်သည်.......သူ့ မျက်ဝန်းနဲ့ စုံရင် ကိုယ်ရင် ခုန်သည်.....**

**သူ့အပြုံးလေးများမြင်ရင်....အပျော်လွန်ပြီး အိပ်မရတော့သည်......သိပ်ချစ်တဲ့ အကြောင်းကို ကဗျာ...တွေ ရေး....မည်**

**ခေါင်းလောင်းလေးတွေမြည်နေပြီ ငှက်ကလေးတွေလည်းတေးဆိုပြီ....နာရီစင်က သုံးချက်တီးသံမြည်....**

** အသည်းမှာလည်း စိုးရိမ်သည် သူများဦးမှာ တွေးကြောက်သည်........အခုတော့ သိပြီ....
သူ့ကို ကိုယ် ချစ်သည်...**

Sugar Daddy (Completed)Where stories live. Discover now