.. ၈ ..
22.5K 2.4K 19
《Zawgyi》
အပိုင်း - ၈
[ သူမအကြောင်း မပြောနဲ့ ]
ချင်းစုယွဲ့ဟာ ဒီကိစ္စမှာ အဲ့လောက်တော့ မရိုးရှင်းဟု တွေးလိုက်မိသည်။ သူမနှင့် ခြေလှမ်း လေးငါးလှမ်းစာလောက် ဝေးသွားပြီဖြစ်တဲ့ အမျိုးသားအား လှမ်းကြည့်လိုက်၏။ တိုက်ဆိုင်တာလား...
ဒါမှမဟုတ် ကြည့်ရတာ သူမအစ်ကိုနှင့် သူမရဲ့ စကားပြောနေတာကို အမှတ်တမဲ့ ကြားလိုက်တာလား...
မသိပေမယ့် ထိုလူသားက နဂိုအမူအယာကနေ မသိမသာပြောင်းလဲသွားသည်။  သူက သူမ အရင်က သိခဲ့ဖူးတဲ့သူလား?
ချင်းကွမ်းချန်နဲ့အတူ ခြေလှမ်းနည်းနည်းလောက် လှမ်းပြီးတဲ့နောက်မှာ သူမအစ်ကိုရဲ့ ဝမ်းသာပီတိ ဂွမ်းဆီထိနေတဲ့ အသံအား ကြားလိုက်ရသည် ... "ကောင်းတယ်.. နောက်ဆုံးတော့ ငါ ချန်းစီနျန်ကို ဒီနေ့ ဖြတ်ရိုက်နိုင်ခဲ့ပြီ .. ဘာကိစ္စနဲ့ ငါတို့ချင်းမိသားစုက သူနဲ့ ပက်သတ်ရမှာလဲ? သူက မုန်းစရာကောင်းလိုက်တာ! ငါတို့ မြင်ကွင်းရှေ့ ပေါ်လာဖို့တောင် မတန်ဘူး !"
သူ့စကားတွေ အလုံးစုံကို သတိပြုမိရမယ့်အစား ချင်းစုယွဲ့ရဲ့ အာရုံထဲကို ဝင်လာတဲ့ တစ်ခွန်းထဲသော စကားလုံးက .." ချန်းမျိုးနွယ်..? စောနက ပုဂ္ဂိုလ်က ချန်းစီနျန်?! သူမအစ်ကိုရဲ့ သဘောထားအရ သူမထင်တာ မမှားနိုင်ပေ။ ချင်းစုယွဲ့ မျက်မှောင်ကြုံလိုက်မိသည် ..ကြည့်ရတာ ကျောင်းပထမဆုံး စတက်တဲ့နေ့ကလည်း ထင်သလောက် ချောမွေ့မနေဘူးပဲ..
ချန်းစီနျန်က ကျောင်းအုပ်ကြီးရဲ့ ရုံးခန်းထဲဝင်ဝင်ချင်း ဆံပင်ဖြူနေတဲ့ လူကြီးက အပြုံးဖြင့် ကြိုဆိုနှုတ်ဆက်လိုက်သည် ... "အားနျန်... စောနက ချင်းမိသားစုကို တွေ့ခဲ့လား? သူတို့ စောနလေးတင်မှ ထွက်သွားကြတာ" ထို့နောက် သူက တံခါးပေါက်ကနေ ညွှန်ပြလိုက်သေးသည်။
"ကျွန်တော် သူတို့ကို သိပ်မသိဘူး" ချန်းစီနျန်က ထူးပြီး အံ့ဩမနေ။
ကျောင်းအုပ်ကြီးမှာ ထိုလူငယ်လေး၏ စိတ်မကြည်မသာဖြစ်နေမှုအား သွယ်ဝိုက်ညွှန်ပြနေသည့် အေးစက်စက်အသံအား သတိမပြုမိပဲ ရယ်မြူးစွာဖြင့် ဆက်ပြောပြန်သည် ... " အန်ကယ် ကြားတာတော့ ချင်းမိသားစုရဲ့ သမီးလေးက မင်းနောက်ကိုလိုက်ဖို့ အနုပညာဌာနကို တမင် ပြောင်းခဲ့တာဆို .. ဒါပေမယ့် အခုတော့ အသံလွှင့်ခြင်းနဲ့ အစီအစဉ်တင်ဆက်ခြင်းကို သင်ယူဖို့ ဌာနလာပြောင်းသွားလေရဲ့ ..  စဉ်းစားကြည့်ရသလောက်တော့ အဲဒီမေဂျာတွေက မင်းရဲ့ဌာနနဲ့ဆို အရှေ့နဲ့အနောက်လိုပဲ အဝေးကြီးမလား?"