.. ၉ ..
22.1K 2.3K 4
《Zawgyi》
အပိုင်း - ၉
[စိတ်သဘောထား ပြောင်းလဲသည်]
ထိုအချိန်တွင် ချင်းစုယွဲ့မှာ မထွက်သွားရသေးပဲ အခန်းဝင်ပေါက် အပြင်ဘက်၌ မတ်တပ်ရပ်နေတုန်းပင် ရှိသေးသည်။ သူတို့စကားပြောနေတာကို ကြားလိုက်ရတော့ သူမ မျက်ခုံးပင့်လိုက်မိကာ ချင့်ချိန်တွေးဆလိုက်သည် .. ' ရှီရှီ? အဲ့တစ်ယောက်က ငါဒီကမ္ဘာထဲ မရောက်လာခင်တုန်းက ဗီလိန်ဇာတ်ကောင်ကို လှေကားပေါ်က တွန်းချခဲ့တဲ့သူများ ဖြစ်နေမလား?'
ဟဟ .. ငါ ဝတ္ထုကို နောက်ထပ်ပြန်ဖတ်ကြည့်တုန်းက အဲ့လိုရေးထားတာ ဟုတ်မနေပါဘူးနော်.. ချန်းစီနျန်ကို ရှောင်တိမ်းရတဲ့ ကိစ္စကို ဘေးဖယ်ထားရင်တောင် ဘာလို့ ပြဿနာတွေ အများကြီးက ငါလေးကို စောင့်ကြိုနေရတာပါလိမ့်?
ဒါပေမယ့် ဒီကိစ္စကို အချိန်ယူတာ ပိုကောင်းသည်။ အခုချိန်ကစလို့ ချင်းစုယွဲ့ ပိုပြီးကောင်းအောင် ကြိုးစားပြီးမှ ရန်သူတွေကို စိတ်ဆိုးအောင် ပြန်လုပ်ရင်လည်း နောက်မကျသေးပါဘူး
သူမ အရင်ဘဝတုန်းက ဘွဲ့ရပြီးတဲ့အခါ တီဗွီအစီအစဉ် တင်ဆက်သူတစ်ယောက် ဖြစ်ဖို့ အမြဲတမ်း စိတ်ကူးယဉ်ခဲ့ရသည်။ အခုလို အရာအားလုံး အစမှပြန်စဖို့ အခွင့်အရေးရတဲ့ အချိန်မှာ ဘာကြောင့် ကြိုးစားပြီး မသင်ကြားပဲနေနေရပါမည်လဲ? ဒါ့အပြင် ဒီဘဝရဲ့ ကြုံတောင့်ကြုံခဲ အခွင့်အရေးလေးမှာ ချင်းစုယွဲ့ တွေးထားသည်က .. ' ဘာပဲဖြစ်ဖြစ် အခု ငါ့ဘဝမှာ ဒုတိယအကြိမ် အခွင့်အရေးဆိုတာ ရှိလာခဲ့ပြီဆိုတော့ ဒီအချိန်မှာတော့ ငါ့အိပ်မက်တွေကို အကောင်အထည် ဖော်ရမယ် ... ဒီလိုမှပဲ ငါ့နှလုံးသားထဲကနေ ကျေနပ်ပျော်ရွှင်ရမှာ '
သူမရဲ့ အိပ်ဆောင်သစ်သို့ ပြောင်းရွှေ့ပြီးတဲ့နောက်မှာ ချင်းစုယွဲ့ဟာ အခန်းဖော်တွေအား သူမကိုယ်သူမ မိတ်ဆက်လိုက်သည်။ တစ်ခြားအခန်းဖော် နှစ်ယောက်လုံးက သူမကို စကားတစ်ခွန်းမျှမဆိုပဲ သေသေချာချာ စိုက်ကြည့်နေကြချိန်မှာ အဝါရောင်ဆံပင်တိုနှင့် လှပသော ကောင်မလေး တစ်ယောက်ကတော့ သူမကို ထိုသို့ကြည့်မနေခဲ့ပေ။ ဘယ်သူမှ ပြန်မပြောကြတာကို ကြားလိုက်ရတော့ ချင်းစုယွဲ့က သူမရဲ့ မိတ်ဆက်ခြင်းအား အဆုံးသတ်လိုက်သည်။