.. ၁၅ ..
22K 2.3K 10
《Zawgyi》
အပိုင်း - ၁၅
[အလဟဿဖြစ်သွားသည့် သဘောကောင်းမှု]
မော့ရွှီယွမ်က စိတ်မကောင်း ဖြစ်သွားသည်။ "ဒါဆို သူမရဲ့ မှတ်ဥာဏ်တွေ ဆုံးရှုံးသွားတာကြောင့် အခု သူက မင်းကို မချစ်တော့ဘူးပေါ့ ? .. ဒီမိန်းကလေးက လွယ်လွယ် ပြောင်းလဲနိုင်တာပဲ .. ဟား ကြည့်ရတာတော့ အနာဂတ်မှာ ငါတို့ အလကား ရခဲ့တဲ့ နေ့လည်စာ မနက်စာလေးတွေကို ရှေ့လျှောက် မရနိုင်တော့ဘူးပေါ့ .. အိုး ဟုတ်သား အဲဒီစွပ်ပြုတ်လေး ! ငါတွေးလေတွေးလေ ပိုပြီးခံစားရ......"
ချန်းစီနျန်က အေးဆေးစွာ ပြန်ပြောလိုက်သည် .. "မင်း သူ့ကိုကြိုက်တယ်ဆိုရင် လိုက်ပေါ့"
မော့ရွှီယွမ်မှာ သူ့လက်တွေကို ထပ်တလဲလဲ ခါလိုက်ကာ ... "မဟုတ်ဘူး စိတ်မရှိပါနဲ့ ! မေ့လိုက်ပါတော့နော် !" ဒီမြို့မှာရှိသည့်လူတိုင်း ချင်းမိသားစုရဲ့ သမီးအကြီးဆုံးမှာ ဘယ်လောက်တောင် ဂြိုဟ်မွှေကာ စိတ်အနှောင့်အယှက်ပေးတတ်ကြောင်း မသိသူမရှိပေ။ မင်းက သူမကို အကျိုးသင့်အကြောင်းသင့် သွားပြောလျှင်တောင် သူမမှာ ပြောရဆိုရခက်လှသူ ဖြစ်လေ၏။
စားပွဲ၌ရှိသော လူတိုင်းမှာ ချန်းစီနျန်မှလွဲ၍ အားရပါးရ မြိန်ရေရှက်ရေ စားသုံးနေကြသည်။ ဟုတ်တာပေါ့ ! သူတို့မှာ ချန်းစီနျန်နှင့် ချင်းစုယွဲ့တို့ကြားက ဆက်ဆံရေးနှင့် အဘယ့်ကြောင့် စွန်းမြောင်းမြောင်းမှာ ချင်းစုယွဲ့အား မုန်းတီးနေပုံ ပေါ်နေရသနည်း ဟူသည်တို့အား စူးစမ်းသိရှိလိုကြသည်။
ချင်းစုယွဲ့မှာ တစ်ချိန်လုံး ချန်းစီနျန်၏ နောက်ကျောအား တစ်ကိုက်ပြီးတစ်ကိုက် ဝါးစားပစ်ချင်သကဲ့သို့ ဒေါသဖြင့် ပြင်းပြင်းထန်ထန် စိုက်ကြည့်လို့နေလေ၏။ သူမမှာ ထိုလူသားအား ကိုင်ပေါက်ကာ လွှင့်ပစ်ချင်မိသည်။ ချင်းစုယွဲ့ သက်ပြင်းရှိုက်လိုက်မိ၏။ သူမ နည်းနည်းလောက် တွေးကြည့်ပြီးသည့်နောက် ချန်းစီနျန်ဟူသည်မှာ ဘေးအန္တရာယ် ကပ်ဆိုး၏ တကယ့် အရင်းအမြစ်ဖြစ်ကြောင်း ကောက်ချက်ချမိသည်။ တစ်ချိန်လုံး လူတိုင်းလူတိုင်းမှာ ဒီအန္တရာယ်ကြီးလှသော သွေးဆောင်သည့် မိန်းမအကြောင်းကိုသာ ပြောနေကြသည်။