.. ၁၆ ..
21.6K 2.2K 4
《Zawgyi》
အပိုင်း - ၁၆ [ ကျီယီ ]
ချင်းစုယွဲ့သည် ထိုနေ့က ချန်းစီနျန်နှင့် မမျှော်လင့်ပဲ ဆုံတွေ့ခဲ့ရသည်အား အဆောင်သို့ ပြန်ရောက်တဲ့အခါတွင် စိတ်အနှောင့်အယှက် မဖြစ်တော့ပေ။ သူမ၏ ပထမဆုံး ဦးစားပေး လုပ်ရမည့် အလုပ်မှာ အဆိုအကပြိုင်ပွဲ၏ တာဝန်ရှိသည့် ကြီးကြပ်သူအား အလျင်အမြန် ရှာရန်ပင်ဖြစ်သည်။ သူမ ဖြစ်နိုင်သမျှ အမြန်ဆုံး နှုတ်ထွက်ခွင့်ရဖို့ လိုသည်။
သိရတာတော့ ထိုအဆိုအက ပြိုင်ပွဲအား ကျောင်းသားကောင်စီမှ တာဝန်ယူကျင်းပပေးခြင်း ဖြစ်သည်။ ကျောင်းသားကောင်စီ ဥက္ကဌ ကျီယီမှာ တတိယနှစ်ကျောင်းသားတစ်ဦး ဖြစ်ပြီး တိုက်ဆိုင်စွာပင် ချန်းစီနျန်တို့ မေဂျာကပင် ဖြစ်သည်။ သူမ၏ နှုတ်ထွက်လိုသော ဆန္ဒအား ကြားလိုက်ရသောအခါ ဥက္ကဌကျီယီ၏ မျက်နှာမှာ တွေဝေစိတ်ရှုပ်မှုတို့ဖြင့် ရှုံ့မဲ့လို့သွားသည် .. "ညီမလေးချင်း .. အခုက အားလုံး အဆင်ပြေနေတာပဲလေ .. မင်းက ဘာလို့ နှုတ်ထွက်ချင်ရတာလဲ?"
ချင်းစုယွဲ့သည် သူ၏ စိတ်ရှုပ်နေပုံရသော မျက်ဝန်းတို့အား ပြန်စိုက်ကြည့်ကာ မသဲမကွဲ ပြောလိုက်သည် .. "ဒီရက်တွေမှာ အလုပ်တွေများနေတော့ လေ့ကျင့်ဖို့ အချိန်မရှိဘူး "ကျီယီမှာ သူမကို လွှတ်ပေးဖို့ အစီအစဉ် မရှိပေ။ ဒါကြောင့်မို့ သူက .. "မင်း ပထမဆုကို ရအောင်ယူမယ်လို့ အခိုင်အမာပြောခဲ့တာကို ငါမှတ်မိသေးတယ်"
"အဟင်း" ချင်းစုယွဲ့မှာ ပြုံးသာ ပြုံးပြနိုင်တော့သည်။ သူမ ဒီထက်ပို၍ မရှင်းပြချင်တော့ပေ .. "ဘာပဲဖြစ်ဖြစ် ဒီပြိုင်ပွဲကို ဆက်မပြိုင်ချင်တော့ဘူး .. ငါ ဒီကိုလာခဲ့တာက ပြိုင်ပွဲရဲ့ တာဝန်ရှိသူတစ်ယောက်ကို ဒီအကြောင်းပြောပြဖို့ လာခဲ့တာမို့ ရှင် လက်မခံနိုင်ရင်တောင် ရွေးစရာ မရှိတော့ဘူး" သူမ ပြန်ဖို့လုပ်နေတုန်း ကျီယီ၏ မှတ်ချက်အား ကြားလိုက်ရသည် .. "ညီမလေးချင်းက ဒီလို ကတိမတည် ဗလောင်းဗလဲ လုပ်တတ်တဲ့သူမျိုး မဟုတ်ပါဘူး"
ချင်းစုယွဲ့မှာ နှုတ်ဆိတ်လို့သာနေပြီး တစ်ယောက်ထဲ တွေးနေမိသည်မှာ .. 'ကိစ္စမရှိပါဘူးး ကတိပေးခဲ့တဲ့သူက ငါမှ မဟုတ်တာ'