အပိုင်း - ၂၇ ( Zawgyi + Unicode )

19.7K 2.4K 100
                                    

#For Zawgyi

ဒီရက်ပိုင်း သူလည်း အလုပ်ရှုပ်နေတာနှင့် ဆေးခန်းထိုင်ချိန်မှလွဲ၍ အသာနှင့် မတွေ့ဖြစ်ကြပေ ။ အသာကလည်း ဆိုင်ကတစ်ဖက် စာအုပ်ထုတ်ဖို့က တစ်ဖက်နှင့် မအားလပ်နိုင်အောင် ဖြစ်နေလေသည် ။

ဒီနေ့လည်း ဆေးရုံမှာ duty off ရက်ဖြစ်ပေမယ့် မင်းသီဟတို့ ပရဟိတအဖွဲ့က စီစဉ်ပြီး ဦးဆောင်ကျင်းပတဲ့ LGBT ဆိုင်ရာ ကျန်းမာရေး လိင်ပညာပေး ဟောပြောပွဲအတွက် သူ့ကို တစ်စိတ်တစ်ပိုင်း တာဝန်ယူ ဟောပြောပေးဖို့ အကူအညီတောင်းထားသဖြင့် ထိုပွဲ ကျင်းပရာ နေရာသို့ ရောက်ရှိနေရသည် ။

" ဆက်စေ....ပွဲက စ,တော့မှာ ၊ မင်းအားလုံး ready ဖြစ်ပြီလား "

" ဖြစ်ပြီ....သီဟ ၊ အားလုံး ready ပဲ "

" မင်း Power Point တွေ သုံးပြီး ပြောမှာမဟုတ်လား "

" အင်း ဟုတ်တယ် ၊ ငါ အကုန်ပြင်ထားပြီးပြီ "

" အေး အေး ၊ ဆရာကြီးနှစ်ယောက်ပြောပြီးတာနဲ့ မင်းပြောရမှာဆိုတော့ ဟိုဟိုဒီဒီ လျှောက်သွားနေမှာစိုးလို့ ငါက လာသတိပေးတာ ၊ ဒီကပဲ စောင့်ပြီး မင်းနာမည်ကြေငြာတာနဲ့ တစ်ခါတည်း စင်ပေါ်တက်ပြီး ပြောလိုက်တော့နော် ၊ ငါ ဟိုဘက်မှာ စီစဉ်စရာလေးတွေရှိလို့ သွားဦးမယ် ၊ Condom ကြော်ငြာတဲ့အနေနဲ့ အဲ့ဒါတွေကို လိုက်ဝေပေးမယ့် Company ကလည်းရောက်နေလို့ကွာ "

" အေးပါကွာ ၊ စိတ်ချလက်ချ သွားပါ ၊ ငါ့အပိုင်းကို ငါတာဝန်ယူတယ် "

ဟိုးအရင်တုန်းကတော့ ဒီလို ကျန်းမာရေး လိင်ပညာပေး ဟောပြောပွဲတွေကို လူတော်တော်များများက သိပ်လက်ခံလေ့မရှိကြပေ ။ ခုနောက်ပိုင်းတော့ ပွင့်လင်းမြင်သာမှု အတော်လေး ရှိလာကြပြီး ဒါတွေဟာ ရှက်စရာဆိုတာထက် အသက်အရွယ်တစ်ခုရောက်ရင် သိကို သိသင့်သိထိုက်တဲ့ အရာတွေပဲရယ်လို့ ကြိုးစားလက်ခံလာကြသည် ။

Normal လိင်ပညာပေး ဟောပြောပွဲတွေကို အထိုက်အလျောက် လုပ်ဖြစ်ကြပေမယ့် LGBT ဆိုင်ရာ ကျန်းမာရေး လိင်ပညာပေး ဟောပြောပွဲတွေကတော့ လူမှုဝန်းကျင်မှာ အတော်ကြီး နည်းနေသေးတာ တွေ့ရသည် ။ ဒါ့ကြောင့်မို့ လိင်တူချစ်သူတွေမှာ ဆောင်ရန် ရှောင်ရန်တွေကို မသိတဲ့အတွက် မမှားသင့်တာတွေ မှား ၊  မဖြစ်သင့်တာတွေ ဖြစ်ပြီး ကူးစက်ရောဂါဖြစ်ပွားနှုန်း မြင့်နေတာကို ကျန်းမာရေးစစ်တမ်းများအရ သိနေရသည် ။

လမင်းမျှော်သူ ( လမင်းမျှော်သူ ) Completed Where stories live. Discover now