.. ၂၂ ..
21K 2.3K 10
《Zawgyi》
အပိုင်း - ၂၂ [ တိုက်ခန်း - ၁]
ချင်းစုယွဲ့သည် သူမ၏ တိုက်ခန်းဟူသည်အား သွားရန်အတွက် တက်စီတစ်စီးအား စီးခဲ့လေသည်။ သူမ သွားလိုသည့် နေရာသို့ ရောက်ရှိသွားသောအခါ သူမ၏တိုက်ခန်း တည်ရှိသည့် အဆောက်အဦးကြီးအား ချီတုံချတုံဖြစ်လျက် မော့ကြည့်လိုက်မိသည်။ သူတို့က ဒီအဆောက်အအုံ ဒီဇိုင်းကြီးကို ဒီလို ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနားနဲ့ တန်ဖိုးကြီးအောင် တည်ဆောက်မှ ဖြစ်မှာလား?
သူမမှာ ထိုထဲသို့ ဝင်ရန်အတွက်ပင် လှေကားတွေအား တစ်ဆင့်ပြီးတစ်ဆင့် ခပ်တောင့်တောင့်ကြီး တက်နေမိကာ သူမကိုယ်သူမ ဒီကမ္ဘာကို အခုမှ စရောက်လာတဲ့ ရိုးအတဲ့သူကြီးလို အကြွင်းမဲ့ ခံစားနေရသည်။
သူမ သဘောပေါက်မိသွားတာ တစ်ခုကတော့ သူမကိုယ်သူမ ချမ်းသာတဲ့ မိသားစုရဲ့ အမွေခံသမီးတစ်ယောက်အဖြစ် နေသားကျဖို့အတွက် အချိန်ယူရအုန်းမည် ဆိုတာကိုပင် ဖြစ်သည်။
နာရီဝက်လောက်ကြာတဲ့အထိ ချင်းစုယွဲ့မှာ ထိုအဆောက်အုံထဲ၌ လှည့်ပတ်ကာ ခမ်းနားထည်ဝါလှသည့် မြင်ကွင်းအား ကြည့်ရှုခံစားနေသည်။ ထို့နောက်တွင် အရေးကြီးသည့် မေးခွန်းတစ်ခုက သူမအတွေးထဲ ရောက်လို့လာသည်။ သူမမှာ ချင်းကွမ်းချန်အား တိုက်ခန်း၏ တည်နေရာလိပ်စာကိုသာ မေးလိုက်မိခြင်းဖြစ်ပြီး သူမတိုက်ခန်း တည်ရှိရာ အထပ်နှင့် အခန်းနံပါတ် အတိအကျကို မေးလိုက်ဖို့ရာ မေ့သွားခဲ့လေ၏။
သူမ ဖုန်းကိုထုတ်လိုက်ပြီး သူမအစ်ကိုအား နောက်တစ်ကြိမ် ထပ်နှောင့်ယှက်ရတော့မည့် အချိန်တွင် သွယ်လျခန့်ညားလှသော ပုံသဏ္ဌာန်တစ်ခုက သူမ၏အာရုံကို ဆွဲဆောင်သွားသည်။ ထိုအမျိုးသားငယ်လေးမှာ သူ့လက်ရှည်အင်္ကျီ၏ အင်္ကျီလက်တွေအား ခေါက်တင်ထားကာ သူ့အနောက်တိုင်းဝတ်စုံ၏ အပေါ်ထပ်ကိုတော့ လက်တွင်ချိတ်လျက် အသာအယာ ခေါက်ကာ လွှားတင်ထားလေ၏။
"ဟ..ဟ.." နောက်တစ်ကြိမ်လည်း ထပ်ပြီး ချန်းစီနျန်ပဲဟ..
ချင်းစုယွဲ့ဟာ နောက်လှည့်ပြီး ရှောင်ပုန်းတော့မလို့ ပြင်နေစဉ်မှာ ခေါင်းထဲသို့ အတွေးတစ်ခု ဝင်လာလေသည် .. 'တစ်ကယ်လို့ ငါက ဒီအမျိုးသားဇာတ်ဆောင်ရဲ့ နောက်ကို တိတ်တိတ်လေး လိုက်သွားရင် ငါ့တိုက်ခန်းကို ရှာတွေ့နိုင်လောက်တယ်မလား?