"ဟွန့်...မျက်နှာက မှိုပွင့်နေတာ ။''
တိုက်ကွမ်ဒိုဝတ်စုံတကားကားနှင့် ခါးထောက်လျက် မျက်နှာထားတင်းတင်းဖြင့် ခြိမ်းကောင်ရန်တွေ့ပေမဲ့ ကိုယ့်မျက်နှာကလည်း တပြုံးပြုံး ။
"မင်းအကောင်ပြန်ရောက်နေပြီဆို..''
"အေးဆို..''
ကိုယ့်လက်ထဲမှ ကြက်ကြော်ဘူးကို ခြိမ်းကူဆွဲဖို့ပေးတော့ ချာခနဲတခြားဘက်လှည့်ပြီး မသိချင်ယောင်ဆောင်ပစ်လေသည်။ လူကြီးကိုယ်နှင့်ကလေးစိတ်ဖြစ်နေတဲ့ ထစ်ချုန်းခြိမ်း။ ဉာဏ်ရည်မမီဘူးလို့ပြောရအောင် ကိုယ်မှလွဲ၍ အားလုံးရှေ့မှောက်၌ လူကြီးလူကောင်း။
"ကိုကြီးနဲ့မမကြီးက ဘာပြောကြလဲ..''
"အဖေနဲ့မေမေက ဘာပြောရမှာတုန်းဟ..''
"ဟေ့ကောင်ရ...ခွင့်ပြုလားလို့ မေးနေတာ။ ပြီးတော့ ...ကြည်ကြည်ဖြူဖြူခွင့်ပြုတာလား ။''
"အဖေကပြောတယ်..''
"ဘာပြောတာလဲ..''
"လင်းသဘောတဲ့..''
အတွေးရိပ်သည် ညတုန်းမှအဖြစ်ကို ပြန်လည်မြင်ယောင်စေ၏။
'အဖေခွင့်ပြုသည်'တဲ့ ။ အဖေ့နေရာကို အဖေ့ပုံစံနှင့်
ခဏတာကိုယ်ချင်းစာတဲ့အခါ မွန်းကြပ်မိသည်။
ရွေးချယ်စရာသိပ်မရှိတဲ့လူတစ်ယောက်ရဲ့
သဘောတရားလိုမျိုး...နှာခေါင်းအောက် အနာပေါက်လို့ ပင့်သက်ရှိုက်လိုက်ရမှန်းသိသူ ကိုယ့်အဖို့ ချစ်၍နမ်းရခြင်းလို့ မထင်ရက်ပေ ။
*မိဘဆိုတာ သားသမီးတွေအတွက် ထာဝရအရှုံးသမားတွေပါပဲ ။ လင်းကို အဖေရှုံးပါတယ် အဖေ့သားရယ်။ *
အဖေ့စကားတွေကို တစ်လုံးမယွင်း ကြားနေဆဲပင်။ ထာဝရအရှုံးသမားကိုမှ ကိုယ်က ပိုလို့အနိုင်ယူမိသည်။
ကိုယ့်ရဲ့ဉာဥ်ဆိုးလေးကြောင့် အဖေက ဇော့်ကို
အားကျတယ်ဟုဆိုသည် ။
*အဖေက လင်းတို့အဖေကြီးရှေ့မှာ အကြောက်တရားနဲ့ အရှုံးကြောင့်ဒူးထောက်ခဲ့ရတယ်။
ဟာရီဇော်ကတော့ သူ့မြတ်နိုးမှုအတွက် ဒူးထောက်တယ်။ လင်းကလည်း လင်းမြတ်နိုးမှုအတွက် ဒူးထောက်တယ်။ အားကျတာပေါ့...အဖေ့သားရဲ့အပြုံးကို ဟာရီဇော်ကြောင့် အဖေ့မြင်ရတော့တယ်။*
BẠN ĐANG ĐỌC
Lãng mạnမြင်ကွင်း၌ရှိ၍ မမြင်နိုင်သော ပန်းချီကားချပ်ရဲ့အကြောင်း... (မြင်ကွင်း၌ရှိ၍ မမြင်နိုင်သော ပန်းချီကားချပ်ရဲ့အကြောင်း) Wai ❤