.. ၂၅ ..
22.2K 2.3K 32
《Zawgyi》
အပိုင်း - ၂၅ [အိမ်ပြောင်းရွှေ့ခြင်း]
ချင်းစုယွဲ့က ပြန်ဖြေဖို့အတွက် စဉ်းတောင် စဉ်းစားမနေပေ .. "အိမ်ပြောင်းနေတာလေ!"
ချန်းစီနျန်၏ မျက်နှာအမူအယာမှာ တည်ငြိမ် တိတ်ဆိတ်နေလျက် သူမအား ဘာမှ မတုံ့ပြန်ပေ။
သို့သော်လည်း ချင်းစုယွဲ့မှာ ချန်းစီနျန်၏ အလွန့်အလွန် ကြောက်စရာကောင်းလှသော စိတ်အခြေအနေ ပုံစံအား အာရုံခံစားသိရှိမှုမှာ တော်တော်လေး ကျင့်သားရနေပြီ ဖြစ်လေသည်။
ထိုလူသား၏ ခန္ဓာကိုယ်တစ်ခုလုံးမှ ထုတ်လွှင့်နေသည့် အရှိန်အဝါကြီးက ပြောနေသည်မှာ .. 'ငါအခု စိတ်ကောင်းဝင်နေတာ မဟုတ်ဘူး .. မင်း ငါ့ကို ရန် မ စ တာ အကောင်းဆုံးဖြစ်မယ်'ဟု ပြောနေသလိုပင် ...
ရလဒ်အနေနဲ့ ချင်းစုယွဲ့ဟာ သူမ၏ မှောင်လဲ့ ကြည်လင်နေသော မျက်ဝန်းတောက်တောက်လေးတွေဖြင့် ပတ်ဝန်းကျင်အား သိမ်းကျုံးကြည့်ရှုလိုက်ပြီး သူ့အား တောင်းတောင်းပန်ပန်ဖြင့် .. "ရှင့်ကို အိပ်ရာနိုးသွားအောင် လုပ်မိလို့ တောင်းပန်ပါတယ် .. ပြောင်းရွှေ့တာကို မိနစ်နှစ်ဆယ်အတွင်း ပြီးအောင် လုပ်လိုက်မယ်နော် .. အကုန်​ ပြောင်းရွှေ့လို့ ပြီးပြီးချင်း ချက်ချင်း ထွက်သွားပါ့မယ်"
ချန်းစီနျန်၏ နှလုံးသားထဲတွင်မူ မပျော်ရွှင်သည့် ခံစားချက်တစ်ခုထဲကသာ တိုး၍လာသည်ကို ခံစားနေရသည်။ သူက သူမရဲ့ အမြင်မှာ စဉ်းစားဥာဏ်မရှိတဲ့ပုံ ပေါက်နေလို့လား?
သူမ ပြောင်းရွှေ့နေတာကိုတော့ သူ မမြင်ပဲ နေပါ့မလား?
သူမေးချင်တာက ဘာလို့ သူမရဲ့ပုံစံက သူ့ဆီကနေ အဝေးကြီးကို ထွက်သွားဖို့ မစောင့်နိုင်တော့တဲ့ပုံ ပေါက်နေရတာလဲလို့ မေးချင်မိတာ ဖြစ်၏။  သူမ သူ့အား ကြိုက်နှစ်သက်ခဲ့သည့် အချိန်တွေကို ပြန်တွေးကြည့်လိုက်လျှင် သူမမှာ အဝေးကို လွှင့်ပစ်ချင်မိလောက်တဲ့အထိ ပီကေကပ်ထားသလိုကို မခွာတမ်း လိုက်ကပ်ကာ သူ့နောက်က တကောက်ကောက် လိုက်နေခဲ့ခြင်း ဖြစ်သည်။ အခုချိန်မှာတော့ နောက်ထပ် ဘယ်တော့မှ အလိုမရှိတော့သည့်ဟန် အရင်က သူ သူမကို ရှောင်ခဲ့စဉ်ထက်ပင် အခု သူမက သူ့အား ပိုပြီး အသည်းအသန်ကို ရှောင်တိမ်းဖို့ ကြိုးစားနေ၏။