.. ၂၉ ..
21.5K 2.3K 12
《Zawgyi》
အပိုင်း - ၂၉
[ဗီဒီယို မှတ်တမ်းတင်ခြင်း - ၁]
ချင်းစုယွဲ့မှာ မုန့်လေးမှာထားပြီး စောင့်နေတဲ့ အချိန်မှာပဲ ရုတ်တရက် သူမအနားမှာ လာထိုင်တဲ့ ယောက်ျားလေးတစ်ယောက်အား သတိပြုမိသွားသည်။ သူမ အလိုအလျောက်ပဲ ခေါင်းမော့ကြည့်လိုက်တော့ အနှီလူမှာ ဘယ်သူမှမဟုတ် သူမကို ပြုံးပြပြီး နှုတ်ဆက်နေတဲ့ မော့ရွှီယွမ်ပဲ ဖြစ်လေသည်။
"မတွေ့ရတာကြာပြီနော်.. ဂျူနီယာချင်း"
ချင်းစုယွဲ့ဟာ ဘာမှတော့ ပြန်မပြောမိလိုက်ပေမယ့် စိတ်ထဲတွင် တွေးနေမိသည်မှာ ... "ဒီလို ပြုံးတတ်တဲ့သူမျိုးတွေက လူကောင်းတွေ မဟုတ်ဘူး"
ချင်းစုယွဲ့မှာ သတိရှိရှိနဲ့ ပြန်ကြည့်လိုက်ပြီး မရွှင်မပျ ပြောလိုက်သည် ... "ကျွန်မ ရှင့်ကို မသိဘူး"
သူမမှာ သူ့ ပုံပန်းအသွင်အပြင်အား မှတ်မိလေသည်။ သူမရှေ့တွင် ထိုင်နေသောသူမှာ စွန်းမြောင်းမြောင်းနှင့် သွားစားသည့်နေ့က ချန်းစီနျန်ဘေးတွင် ထိုင်နေခဲ့သူပင် ဖြစ်သည်။
သူက ချန်းစီနျန်နှင့် အတူတူ စားတဲ့အထိ ရင်းနှီးသူဖြစ်သဖြင့် သူမမှာ သူနဲ့ မပက်သတ်ချင်ပေ။
မော့ရွှီယွမ်က ချင်းစုယွဲ့၏ ဖော်ဖော်ရွေရွေမရှိပဲ စိတ်အားထက်သန်ခြင်း ကင်းမဲ့မှုကို အလျှင်အမြန် သိရှိသွား၏။ သူက ပြုံးလျက် ..  "မင်း ငါ့ကို တစ်ကယ် မမှတ်မိတာလား?"
သူ သေသေချာချာ ဂရုတစိုက် စူးစမ်းလေ့လာကြည့်လိုက်တော့ ချင်းစုယွဲ့က မမှတ်မိချင်ယောင်ဆောင်နေတာသာ ဖြစ်ကြောင်း သိသွားလေသည်။
ဒါပေမယ့် ချင်းစုယွဲ့က သူ့ကို တကယ်ကို မသိတာဖြစ်သည်။
"ရှင်က?"
မော့ရွှီယွမ်က စိတ်ရှုပ်စွာဖြင့် အာမေဋိတ်သံ ပြုလိုက်သည် ... "ဟမ်?" သူရှော့ရသွားချေ၏။ သူမက ဆက်ပြီး သရုပ်ဆောင်ချင်နေသေးတာလား?
"ငါတို့ တစ်ယောက်နဲ့တစ်ယောက် မသိကြဘူးလေ ... အဲဒါကြောင့် အတူတူထိုင်ကြဖို့ မလိုပါဘူး ... ဒီနေရာမှာ ထိုင်ခုံတွေ အများကြီး ရှိတာပဲ ......" ချင်းစုယွဲ့မှာ သူမ၏ညာဖက်ရှိ ခုံတွေကိုပင် ညွှန်ပြလိုက်ရင်း ရိုးရိုးသားသား ပြန်ဖြေလိုက်သေးသည်။ မော့ရွှီယွမ်၏ စိတ်ထဲတွင်တော့ အတွေးပေါင်း သောင်းခြောက်ထောင်က ပြည့်နှက်လာသည်။