"အကိုကြီး...ကျွန်တော်တို့
ထင်းသွားခုတ်လိုက်အုန်းမယ် ကျွင်းဝူ ကိုပါ
ခေါ်သွားလို့ရမလား..."နန်ဖုန်း၏အမေးကြောင့်
ချီရုန်က လှည့်ပင်မကြည့်ပဲ သွားရန်
လက်ပြလိုက်သည်။နန်ဖုန်းကပျော်သွားပြီး
"ကျေးဇူးပါ.... အကိုကြီး...
ဟေ့ကောင်....သွားကြရအောင်...... "ချီရုန်ဘေးတွင်ထိုင်နေသော
ကျွင်းဝူအား ခေါ်လိုက်သည်။ကျွင်းဝူကအမြန်ပင်ထလိုက်ပြီး
ချီရုန်အားနှုတ်ဆက်ကာ
နန်ဖုန်းနောက်မှလိုက်သွားတော့သည်။လမ်း၌ကျွင်းဝူက နန်ဖုန်းနောက်မှ
ကပ်လျှောက်လာရင်း ဘေးသို့ရောက်လာသည်။"အကို နန်ဖုန်း...ခေါင်းဆောင်ထူးဆန်းနေသလားလို့.....ဟိုတစ်နေ့က ကိစ္စဖြစ်ပြီးတည်းက
ဘယ်မှမသွားပဲ မှိုင်နေတယ်နော်...""အင်း...ဟုတ်တယ်... သူစောင့်နေတာ
နေမှာပေါ့....""ဘာကိုလည်းဗျ....."
"မြောက်ပိုင်းခေါင်းဆောင်ကိုလေ...."
ကျွင်းဝူက နားမလည်စွာဖြင့်
နန်ဖုန်းအားကြည့်နေသည်။
နန်ဖုန်းက သက်ပြင်းချလိုက်ပြီး"ဒီလိုကွာ..ပုံမှန်ဆို အကိုကြီးက
ခေါင်းဆောင်ဟွားချန်ကို ပြဿ.....နာရှာပြီးရင်
သူက အကိုကြီးကိုပြန်လာရှာတယ်
အခုနှစ်ရက်လောက်ရှိနေပြီ
မလာသေးဘူးလေ.....""သူတို့ကလိုက်တိုင်းပြေးတိုင်းဆော့နေကြတာလား.."
နန်ဖုန်းက လက်ထဲရှိ ဓားမကို
သစ်ပင်တစ်ပင်၏ ပင်စည်တွင်တင်လိုက်ပြီး
တစ်ချက်ခုတ်ကာ ပြောလိုက်သည်။"ငါဘယ်လိုသိမလဲ...... "
ကျွင်းဝူက သူ၏မေးစေ့အားပွတ်လျက်
စဉ်းစားခန်းဝင်လိုက်သည်။"ဟာ. သိပြီ...သူတို့နှစ်ယောက်က
အချစ်စမ်းနေကြတာများလား..."နန်ဖုန်း၏လက်ထဲရှိဓားမမှာ
မြေပေါ်သို့အတိုင်းအစမရှိသော အလျင်ဖြင့်
ပြုတ်ကျသွားလေတော့သည်။အမြန်ပင် ကျွင်းဝူ၏
ပါးစပ်အား လက်ဖြင့်ပိတ်ချလိုက်ပြီး
YOU ARE READING
Me and My Suspicious Partner(fanfic For WuQi)[Completed ]
FanfictionStory Title_ Me and My Suspicious Partner ဧကရာဇ်ပိုင်ဝူရှန့်သည် လုပ်ကြံခံရကာ ချီရုန်တို့ဓားပြစခန်းအနီးရှိရေကန်တွင် သတိလစ်လျက် ချီရုန်၏တပည့်များမှ ကယ်တင်ခဲ့ကြသည်။ ထိုမှတဆင့်် ကျွင်းဝူဟူသော အမည်ဖြင့် ဓားပြခေါင်းဆောင် ချီရုန်နှင့်အတူ ထောင်ထဲဝင်လိုက် ထွ...