.. ၃၃ ..
21.1K 2.3K 26
《Zawgyi》
အပိုင်း - ၃၃
[ဗီဒီယို မှတ်တမ်းတင်ခြင်း - ၅]
မော့ရွှီယွမ်မှာ ချန်းစီနျန် ရောက်လာသည်အထိ သီးသန့်ခန်းထဲ၌ အတန်ကြာ စောင့်လိုက်ရသည်။
ချန်းစီနျန်က သပ်ရပ်ခန့်ညားသည့် ဝတ်စုံကို ဝတ်ဆင်ထားဆဲပင် ဖြစ်သောကြောင့် မော့ရွှီယွမ်က သူလှမ်းယူထားသည့် ဝိုင်ခွက်ကို ပြန်ထားလိုက်ကာ တအံ့တဩဖြင့်  "မင်း ဘာလို့ ရုတ်တရက်ကြီး ငါနဲ့ သောက်ချင်လာရတာလဲ?"
ချန်းစီနျန်က သူ့အပေါ်ထပ်ကို ချွတ်လိုက်ကာ လည်ပင်းရှိ နက်တိုင်ကို ဖြေလျော့လိုက်ပြီး ရင်ဘတ်နားမှ အပေါ်ဆုံးကြယ်သီးနှစ်လုံးကို ဖြုတ်လိုက်၏။
မော့ရွှီယွမ်က သူ့မေးခွန်းကို ပြန်မဖြေပဲ အင်္ကျီတွေကိုသာ ဖြေလျော့နေသည့် နတ်ဘုရားလေးအား ကြည့်လိုက်သည်။ ထိုလူသား၏ အပြုအမူကြောင့် သူ့မှာ သတိပင်လစ်မတတ်ဖြစ်ရလျက် ... " မင်း ဘာလုပ်နေတာလဲ?"
ချန်းစီနျန်က သူ့ကို ဖျတ်ခနဲသာ ကြည့်လိုက်သည်။
မော့ရွှီယွမ်က သူ့တစ်ကိုယ်လုံး ကြက်သီးတွေထနေသည်ဟု ခံစားလိုက်ရသည်။ သူ ချက်ချင်းပဲ မတ်တပ်ရပ်လိုက်ကာ လက်ကို ဝှေ့ယမ်းလျက် ... "မင်းမှာ ပြောစရာရှိတယ်ဆိုရင် ဒီတိုင်းပဲ ပြောလို့ရပါတယ်ကွာ ...  နတ်ဘုရားရယ် ကျေးဇူးပြုပြီး ငါ့ကို အဲ့လိုကြီးတော့ မကြည့်ပါနဲ့ !"
ဒီမှာ ယောက်ျားတစ်ယောက်ရဲ့ အလှကျော့ကွင်းကို သုံးဖို့လဲ မလိုပါဘူးကွာ.. ဒီနေရာတွင် ထိုင်နေသည့်သူမှာ မိန်းကလေးတစ်ယောက်သာ ဖြစ်လျှင် ထိုမိန်းကလေးမှာ သုံးစက္ကန့်အတွင်း ချန်းစီနျန်၏ ရင်ခွင်အတွင်းသို့ ပစ်ဝင်လိမ့်မည်ဖြစ်ကြောင်း မော့ရွှီယွမ် သိလေသည်။
ချန်းစီနျန်က ဖြေးညှင်းစွာ ထိုင်လိုက်ပြီး ဝိုင်ခွက်အလွတ်ထဲသို့ သူသောက်ရန်အတွက် ဝိုင်အနည်းငယ်ကို လောင်းထည့်လိုက်၏။ ဝိုင် တစ်ငုံလောက် သောက်ပြီးသွားသည့်အခါ ရုတ်တရက်ကြီး ထပြောလိုက်သည် .. "ဖုန်း.."
မော့ရွှီယွမ်မှာ ချန်းစီနျန်၏ ရုတ်တရက် တုံ့ပြန်မှုကြောင့် စိတ်ရှုပ်သွားလျက် ... "ဘာကြီးရယ်?"