.. ၃၅ ..
21.7K 2.6K 152
《Zawgyi》
အပိုင်း - ၃၅ [နားလည်မှုလွဲခြင်း]
မော့ရွှီယွမ် ထင်မိသည်မှာ ဒီဘဝတွင် ချန်းစီနျန်၏ နှလုံးသားကို လှုပ်ရှားနိုင်သူဟာ ရှန်ဝမ်းယန့်တစ်ယောက်သာလျှင် ဖြစ်သည်ဟူ၍ပင်။
နှစ်ဦးသား ဝိုင်အနည်းငယ်လောက် ထပ်သောက်ပြီးသွားသောအခါ တစ်ယောက်နှင့်တစ်ယောက် နှုတ်ဆက်ခဲ့ပြီး အိမ်ပြန်ခဲ့ကြလေတော့သည်။
ချန်းစီနျန် သူ့တိုက်ခန်းကို ပြန်ရောက်သည့်အချိန်တွင် ဝမ်ယဉ်းလင်နှင့် အဝင်ဝ၌ ပက်ပင်းကြုံသည်။ သူမက သူ့သားလေးကို စောင့်နေသည်မှာ ဆယ်မိနစ်လောက်ပင် ရှိနေပြီဖြစ်၏။ ချန်းစီနျန်က စိုးရွံ့မှုကြောင့် အခုန်မြန်နေသောရင်ကို အနည်းငယ်ပွတ်ချေမိ၍ ပြုံးပြလိုက်ကာ "မာမား ဒီကိုဘာလာလုပ်တာလဲ?"
ဝမ်ယဉ်းလင်မှာ သူမကိုယ်သူမ တမလွန်သို့ပင် ခြေတလှမ်း လှမ်းပြီးနေပြီဟု ခံစားရသည်အထိ ဒေါသထွက်နေမိသည်။ သူမက စိတ်ဆိုးမာန်ဆိုးဖြင့် "ငါသာဒီကို မလာဘူးဆိုရင် ငါ့သားလေးကို တစ်လလောက်ကြာသွားရင်တောင် မတွေ့ရမှာ စိုးလို့လေ"
ချန်းစီနျန်က သူ့ခေါင်းကို ပျင်းတိပျင်းရွဲ လှည့်လိုက်ကာ အဝေးသို့ ငေးကြည့်လိုက်သည်။ ဒီလူကြီးတွေ ဘာလုပ်ချင်နေကြမှန်း သူမသိတော့ပေ ... သူတို့မှာ ဘာလုပ်စရာမှ မရှိပဲ ပျင်းရိငြီးငွေ့နေကြတာမို့ သူ့ကို တစ်ယောက်တစ်လှည့်စီ အလှည့်ကျနဲ့ စိုးရိမ်ပူပန်နေကြတာလား?
ဝမ်ယဉ်းလင်မှာ သူ့သားလေးက စကားပြန်မပြောပဲ မျက်နှာထက်တွင် ချင့်ချိန်စဉ်းစားနေသည့် အမူအယာပေါ်နေသည်ကို မြင်လိုက်ရသည်။ သူမက သူ့သားလေး ငေးကြည့်နေတဲ့ဆီကို လိုက်ကြည့်လိုက်တဲ့အခါမှာတော့ ဘေးကပ်ရပ်ရှိအခန်းရဲ့ အဝင်ပေါက်တွင် သူ့အကြည့်တို့မှာ မရွေ့လျားပဲ စူးစိုက်ငေးမောကြည့်နေသည်ကို မြင်လိုက်လေ၏။ ထိုနေရာကို အနည်းငယ်လောက် စိုက်ကြည့်ပြီးသွားတော့ သူမက ရုတ်တရက် နားလည်သွားလျက် ... "မာမားတို့ စီစဉ်ပေးတာကို လက်မခံပဲ လှည့်ပြန်သွားတဲ့ အကြောင်းပြချက်က မင်းက ဒီဘေးကပ်ရပ်အခန်းက မိန်းကလေးကို နှစ်သက်နေလို့ပေါ့!"