.. ၃၉ ..
21.8K 2.4K 101
《Zawgyi》
အပိုင်း - ၃၉ [အကာအကွယ်]
ချင်းစုယွဲ့ နောက်ဆုံးတွင် အသက်ရှူနိုင်ခဲ့ပြီး ဒေါသထွက်မိလေသည်။ သူမမှာ စိတ်မချမ်းမသာ ဖြစ်သွားရကာ ချန်းစီနျန်ကိုပင် မဆူမကြိမ်းမောင်းနိုင်တော့ပေ။ သူ သူမကို လွှတ်ပေးလိုက်တဲ့အချိန်တွင်မှ ပျာယာခတ်ကာ ဘာလုပ်လို့လုပ်ရမှန်းမသိ ဖြစ်နေလျက် ချက်ချင်းပဲ သူမရဲ့လက်တွေကိုသာ ပုံမှန်ထက်ပိုပြီး ဝှေ့ရမ်းလိုက်မိသည်။
အဲဒီအစား ပြန်ရလိုက်တာကတော့ ချန်းစီနျန်က သူ့လက်တွေနှင့် သူမရဲ့ အားနည်းနေသော လက်ကောက်ဝတ်လေးကို ဆုက်ကိုင်လိုက်တာပဲ ဖြစ်လေသည်။ "မင်း ဘာတွေလုပ်နေတာလဲ?" ချန်းစီနျန်၏ မျက်နှာထက်တွင်တော့ ညိုမှိုင်းနေသော တိမ်စိုင်တို့ ဖုံးအုပ်ထားသည့်နှယ်ဖြစ်နေလျက် သူမကို မေးလိုက်၏။
ဒီလူသား၏ နှိပ်စက်ကလူ ပြုမူခြင်းခံရပြီးနောက် သူမ၏ဆံနွယ်တို့မှာ ရှုပ်ပွပြီး ပုံပျက်သွားလောက်သည်။ မှန်မကြည့်ရလျှင်တောင် သူမ၏ လှပကျော့ရှင်းမှုနှင့် တင့်တယ်မှုတို့ ပျောက်ဆုံးသွားလောက်မည်ဟု သူမ ခံစားနေရသည်။
သူမ၏ ရင်အစုံမှာ ဒေါသဖြစ်မှုကြောင့် နိမ့်ချည်မြင့်ချည်ဖြင့် အသက်ကို ပြင်းပြင်းရှူနေတာကို မြင်တွေ့နိုင်သည်။ ချင်းစုယွဲ့ဟာ ချက်ချင်းပဲ သူမ၏ ဆံပင်ကို ထုံးဖွဲ့ပေးထားခဲ့သည့် ဆံထိုးလေးကို ဆွဲယူလိုက်တော့ သူမ၏ ပျော့နွဲ့ရှည်လျားလှသော မဟူရာဆံနွယ်ရှည်တို့က ပြိုဆင်းကျလာသည်။ သူမက ချန်းစီနျန်အား ပြင်းပြင်းထန်ထန်ကို ဆူတော့သည် "အဲဒါကို ကျွန်မက မေးသင့်တာမဟုတ်ဘူးလား? ရှင် အိမ်ကထွက်လာတုန်းက ဆေးသောက်ဖို့ မေ့ခဲ့တာလား?"
ချင်းစုယွဲ့မှာ ထိုစကားလုံးတွေ သူမ၏နှုတ်ဖျားမှ ထွက်ကျလာလာခြင်းမှာပဲ နောင်တရသွားတော့၏။ ချန်းစီနျန်သာ ဆေးသောက်ဖို့ မေ့ခဲ့တယ်ဆိုရင် သူမကမူ  အိမ်တွင် သူမ၏ဦးနှောက်အား မေ့ကျန်ခဲ့တာ အသေအချာပင် ဖြစ်လေသည်။ တစ်စက္ကန့်လေးတောင် မတွေးမိလိုက်ပဲ သူမက ချန်းစီနျန်ကို ဘယ်လိုများ ဆူပူဝံ့ရတာလဲ?