part 39(Zawgyi +Uni)

72.6K 5.8K 108
                                    

" မောင်နေသစ်မာန် ပြောသွားတဲ့ စကားကို အမေ နားလည်တယ် သား "

အေးစက်သွာထွက်ပေါ်လာသော အမေ့အသံကြောင့် ကျွန်တော် ထိပ်လန့်ကာ ပေါင်ပေါ်မှာ တင်ထားသည့်လက်ကို ကျစ်နေသော ဆုပ်လိုက်မိသည်။

" ဟို.......အမေ"

" နေအုံး အမေပြောတာ နားထောင်ပါအုံး "

ဖြေရှင်းချက်ပေးမယ့် စကားများကို အမေက လက်ကာ၍ တားကာ စကားဆက်သည်။ ကျွန်တော်က ကြားရမယ့် စကားများကို ရင်ခုန်စွာ ထိပ်လန့်စွာဖြင့် နားထောင်ရတော့သည်။

" သူနဲ့ သားနဲ့ အခြေနေက ဘယ်လိုရှိလဲဆိုတာ အမေ ဦးတိုးဆီက တီးခေါက်ကြည့်ပြီးလို့ သိသင့်သလောက်သိပြီးပြီ  အမေလည်း ငယ်ရာကကြီးလာတာပဲ သားကိုကြည့်တာနဲ့ သားဘာဖြစ်နေတယ်ဆိုတာသိတာပေါ့ အမေအကဲခတ်ကြည့်ရသလောက်ကတော့ မောင်နေသစ်က လူတော်တစ်ယောက် လူကောင်းတစ်ယောက်ပါ သဘောထားလည်း ပြည့်ဝတဲ့ ယောင်္ကျားတစ်ယောက်ပေါ့ ဒါပေမယ့် သားရယ် အမေ့မှာ ဒီသားတစ်ယောက်ပဲရှိတာလေ ပတ်ဝန်းကျင်က လက်ညိုးထိုး ပြီး အမေ့သားလေးကို အပုတ်ချပြောဆိုတာတွေ မလိုချင်ဘူး "

"သား သူ့ကို ချစ်တယ် အမေ "

ရုတ်ချည်းထွက်လာသည့် ကျွန်တော့်စကားကြောင့် အမေ့မျက်နှာသည် ညိုးငယ်သွားပေမယ့် ကျွန်တော့် ပါးပြင်ထက် သူမ၏ လက်လေးများဖြင့် ပွတ်သက်ကာ ကျွန်တော့်ကို နွေးထွေးစွာကြည့်၍

" အမေ့သားလေးတောင် အရွယ်ရောက်နေပြီကိုးးးး အမေတို့က သူပေးတဲ့နေရာမှာနေနေရတာ သား။ သူ့အထောက်အပံ့နဲ့ အမေတို့ဘဝကိုရပ်တည်ထားတာ ။ သားကို ပတ်ဝန်းကျင်က ပြောဆိုကြမှာ သားနားလည်တယ်မလား "

" ဟုတ် သား သိပါတယ် "

" အမေ့ကတော့ သားရယ်။ အမေ့ရင်နင့်နေအောင် ချစ်ရတဲ့ အမေ့သားလေးကို လူတကာလက်ညိုးထိုးမယ့် အဖြစ်မျိုး မဖြစ်စေချင်ဘူး။  အမေက သဘာဝမဆန်တဲ့ သားတို့ရဲ့ အချစ်ကို နားလည်ပေမဲ့ အမေ လက်ခံနိုင်ဖို့ ခက်တယ်သား ဒါပေမယ့် အမေ့သားက သူမှသူဖြစ်နေတာကို "

မျက်ရည်များကျကာ ကြေကွဲစွာ ပြောနေသည့် သူမက တစ်ဦးတည်းရှိသည့် ကျွန်တော့်အား မည်မျှ ချစ်သည်ကို ကျွန်တော် ခံစားရသည်။ အမေ့လက်ကို ဆုတ်ကိုင်ကာ ကျွန်တော် မျက်ရည်ကျနေရုံမျှလွှဲ၍ ဘာမှမပြောနိုင်ပါ။

Sugar Daddy (Completed)Where stories live. Discover now