Part 40 (Z+ U) Final

102K 5.8K 278
                                    

"တီးတောင်! ! တီးတောင်! ! တီးတောင်!!  တီးတောင်! ! "

ည၉နာရီလောက်ကြီး အိမ်ရှေ့၌ အဆက်မပြတ် bell တီးနေ၍  သောက်လက်စ ဒိန်ချဉ်ခွက်ကို ချကာ ကပျာကယာ သွားကြည့်လိုက်တော့ တံခါးကိုမှီကာ ရပ်နေသည့် အလင်းကိုတွေ့လိုက်ရသည်။ သူရသည် သက်ပြင်း ချလိုက်ပြီး တံခါးဖွင့်လိုက်ကာ

" မင်း ဒီအချိန်ကြီး ဘာလာလုပ်တာလဲ မူးလာပြန်ပြီလား "

" အကိုကတော့နောက်ပြီ ကျွန်တော် ဘာမှမသောက်ထားဘူး ဒီတိုင်း အကို့ကိုသတိရလို့ တွေ့ချင်လာလို့ "

ပြောပြောဆိုဆိုဖြင့် တံခါးပေါက် ပိတ်ရပ်နေသည့် သူရကိုတွန်းဖယ်ကာ အိမ်ထဲသို့ ဝင်သွားသည်။ သူရသည် အလင်းနောက်မှ လိုက်၍

" အပိုတွေမပြောနဲ့ အချိန်ကိုလည်း ကြည့်အုံး ငါအိပ်တော့မှာ ပင်ပန်းနေပြီ ပြန်တော့ကွာ "

" ထိုင်ပါအုံး  ပြောစရာရှိလို့ ပြောပြီးရင် ပြန်မယ် "

ဆိုဖာ ခြေချိတ်ထိုင်ကာ သူ့အိမ်သူ့ယာလို ပြောသည့် အလင်းကို သူရ အမြင်ကပ်လေပြီ။ ဘုကြည့်ကြည့်ကာ ရှေ့က ဆိုဖာရှည်ပေါ်မှာ လက်ကို ဟန်ပါပါ ပိုက်၍ ကိုယ်လည်း ခြေနှစ်ထက်ကို ချိတ်ကာ ထိုင်လိုက်သည်။ ထိုအခါ ကိုယ်တော်က ဟက်ခနဲရယ်ပြီး သူရဘေးသို့ ထ၍ ကပ်ထိုင်လေသည်။

" ဘာလုပ်တာလဲ။မင်းနေရာ မင်းထိုင်ကွာ "

ပခုံးချင်းထိမိလောက်အောင် နီးကပ်လွန်းသည့် အနေထားကြောင့် သူရ အလင်းကို တွန်းထုတ်ကာပြောလေသည်။ အလင်းကတော့ ပေကပ်နေပြီ ခေါင်းစောင်းကာ သူရ၏ နားရွက် နားသို့ တိုးကပ်သွားသည်။ ထို့နောက်

" ကျွန်တော် ခင်များကို ကြိုက်တယ် "

ခပ်ရှရှ အသံက နားစည်အတွင်း ဖြတ်ဝင်သွား၍ မျက်လုံး အိမ်များပြူးကျယ်သွားသည်။ ရင်ထဲမှလည်း တဒိန်းဒိန်းလှုပ်ခပ်သွားသည်။

" ဘာ.....ဘာတွေပြောနေတာလဲ ဖယ်စမ်းကွာ "

ကတုန်ကရီဖြင့် အလင်း၏ ကိုယ်ကို တွန်းဖယ်ကာ မတ်တပ်ထရပ်လိုက်သည်။ အလင်းကတော့ ပြုံးကာ သူရအား မော့ ကြည့်နေသည်။

Sugar Daddy (Completed)Where stories live. Discover now