.. ၄၇ ..
20K 2.3K 77
《Zawgyi》
အပိုင်း - ၄၇
[မာမားရဲ့ ပါဝင်စွက်ဖက်ရခြင်း - ၁]
တစ်ကယ်တော့ ဝမ်ယဉ်းလင်မှာ သူမရဲ့သားလေး ခုန်ဝင်ဖို့အတွက်သာ ထောင်ချောက်ဆင်ထားခြင်း ဖြစ်လေသည်။
လိုင်မိသားစုနှင့် တွေ့ဆုံပြီးနောက် သူမသားလေး တိတ်တဆိတ် ပြန်သွားတယ်ဆိုတာကို ဝမ်ယဉ်းလင် သတိထားမိခဲ့သည်။ သူ့ကို တွေ့ဖို့ရန်အတွက်သာ နောက်မှ လိုက်ခဲ့ရာမှ ချင်းကွမ်းချန်နှင့် နှစ်ယောက်သား တွေ့တွေ့ချင်းမှာပင် ကတောက်ကဆ ဖြစ်နေတာကိုပါ မြင်ခဲ့လိုက်ရ၏။
ထိုအချိန်က ချန်းစီနျန် ပြောလိုက်တာကို သူမ ကြားခဲ့ရသည် "ကျွန်တော့်မာမားကပြောတယ် ချင်းမိသားစုက တော်တော်လေးကောင်းပြီး ချင်းမိသားစုရဲ့ သမီးလေးကလည်း သဘောကျစရာလေးတဲ့" ဝမ်ယဉ်းလင်မှာ ထိုစကားတွေကို ဘယ်တုန်းကမှ မပြောဖူးခဲ့တာကို ကျိန်ဆိုဝံ့လေသည်။
သူမရဲ့ ဝမ်းထဲတွင် ဆယ်လနီးပါး လွယ်ခဲ့ရသော သူမသားကို ကောင်းကောင်းကြီး နားလည်ပေသည်။ တစ်ယောက်ယောက်ကို စိတ်ဒုက္ခပေးဖို့အတွက်သာ မဟုတ်လျှင် သူမရဲ့သားမှာ လုံးဝကို လိမ်ပြောမည့်သူမျိုး မဟုတ်ပေ။
ရှန်ကျင်းမြို့တွင် လူကုံထံမိသားစုအဖြစ် သတ်မှတ်ယူဆလို့ရသည့် ချင်းမိသားစုအကြောင်းကို သူမလည်း ကြားဖူးခဲ့သည်ပင်။ စည်းစိမ်ဥစ္စာ တိုးတက်ကြီးပွားဖို့ရန်အတွက် ပင်ပင်ပန်းပန်း ကျားကုတ်ကျားခဲ ကြိုးစားခဲ့ရသည့် အခြား ကျော်ကြားသော မိသားစုတွေနှင့် ယှဉ်လျှင် ချင်းမိသားစုမှာ အတော်လေး ဆွေစဉ်မျိုးဆက် လက်ဆင့်ကမ်း ထိန်းသိမ်းလာခဲ့သည်ဟု ပြောလို့ရသည်။
ငါ့သားလေးက ချင်းမိသားစုက သမီးလေးကို စိတ်ဝင်စားနေတာလား?
ဘာကြောင့်လဲဆိုတော့ ချန်းစီနျန်ရဲ့နှုတ်ဖျားမှ မိန်းကလေးတစ်ယောက်ရဲ့ နာမည်ကို ကြားရဖို့ဆိုသည်မှာ သူမအတွက်တော့ တော်တော်လေးကို မယုံကြည်နိုင်ဖွယ် ဖြစ်နေသောကြောင့်ပင်။
ဝမ်ယဉ်းလင်က သူမရဲ့လူတွေအား ချင်းမိသားစုက သမီးလေးအကြောင်း တိတ်တဆိတ် စုံစမ်းခိုင်းလိုက်သည်။