.. ၅၀ ..
21.1K 2.3K 71
《Zawgyi》
အပိုင်း - ၅၀
[ရှင် ဘာလို့ ဒီကိုရောက်နေတာလဲ?]
"မင်း ရူးသွားပြီလား? ဒီနေရာကို လာရဲပြီးတော့ ဒီလိုတွေ လုပ်ဝံ့သေးတယ်ပေါ့?"
ချင်းစုယွဲ့မှာ အသက်ပင် မရှူနိုင်တော့ပေ။ ဘုရားရေ! ချန်းစီနျန်က ဘာလို့ ဒီမှာရောက်နေတာလဲ?
ညတုန်းက အိပ်မက်မှာ ဘယ်လောက်တောင် စိတ်ပျက်စရာကောင်းလှလဲဆိုတာကို သူမ သတိရသွားသည်။ အခု သူမ နိုးလာလာချင်း ပထမဆုံးမြင်ရသည့်သူမှာ သူဖြစ်နေသည်။ သူမ သက်ပြင်းတစ်ချက်ချလိုက်ရင်း မကျေမနပ် အမူအယာဖြင့် မေးလိုက်၏ "ရှင် ဘာလို့ ဒီကိုရောက်နေတာလဲ?"
ချန်းစီနျန်၏ လက်ချောင်းတွေမှာ အပ်ကြောင့် သွေးမထွက်ရအောင် သူမလက်ဖမိုးထက်တွင် ဖိကိုင်ထားသဖြင့် သူမရဲ့လက် အပူချိန်မှာ  ပုံမှန်ထက် တော်တော်လေး ကွာခြားနေတာကို သူ ရှင်းရှင်းလင်းလင်း ခံစားလို့ရနေ၏။
သို့သော်လည်း သူမ မေးလိုက်တဲ့ အသံကို ကြားလိုက်ရတဲ့ တစ်ခဏမှာ သူ ဝမ်းနည်းသွားမိသည်။ ဒါက သူ သူမကို မေးသင့်တာ မဟုတ်ဘူးလား? ဘာလို့ သူမက ရှန်ကျင်းမြို့ကို စွန့်ခွာပြီး ဒီလိုပျင်းစရာကောင်းတဲ့နေရာကို လာဖို့ ဆုံးဖြတ်ရတာလဲ?
ချန်းစီနျန်က အလွန်စိတ်မကောင်းဖြစ်နေပြီး ချင်းစုယွဲ့ အကြာကြီးစောင့်နေစေကာမူ သူ့ထံမှ မည်သည့်တုံ့ပြန်မှုမှ မရရှိခဲ့ပေ။ သူ ပြန်ဖြေမှာကို သူမ မမျှော်လင့်တော့ပဲ တွေးနေမိသည်: ဟွန့် ရှင်ကမပြောချင်ဘူးပေါ့? ကျွန်မကလည်း ဘာကြောင့်လည်းဆိုတာ မသိချင်ပါဘူးနော်!
နှစ်ယောက်သားမှာ တခဏလောက် တိတ်ဆိတ်သွားကြလျက် ပတ်ဝန်းကျင်လေထုမှာတော့ တဖြေးဖြေး ထူးဆန်းလို့လာသည်။
ခဏအတွင်းမှာ ချင်းစုယွဲ့က ဒီလို ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေကြီးကို ပြိုပျက်စေလိုက်သည် "ချန်းစီနျန် ... ကျွန်မကို ကူညီပြီး ချင်းကွမ်းချန်ကို ခေါ်ပေးပါ"
"ဟမ်?" ချန်းစီနျန် ချင်းစုယွဲ့ကို စိုက်ကြည့်လိုက်တော့ သူမမှာ အိပ်ရာထက်တွင် ဖြူဖတ်ဖတ် မျက်နှာဖြင့် လဲလျောင်းလို့နေတာကို ဂရုပြုမိသွား၏။ သူမကို ကြည့်ရသည်မှာ အသက်ရှင်ဖို့အတွက် ဗလာနတ္ထိ ဘာမှကိုမရှိတော့သည့်ပုံ ဖြစ်နေသည်။