.. ၅၁ ..
20K 2.3K 38
《Zawgyi》
အပိုင်း - ၅၁
[အစ်ကိုတစ်ယောက်၏ စိုးရိမ်ပူပန်မှု]
သူနာပြုဟာ ချင်းစုယွဲ့လက်တွင် အပ်ဖြင့်ထိခိုက်မိခြင်းကြောင့် တစ်စွန်းတစ်စ ကျန်ခဲ့သော  သွေးအစွန်းအထင်းတို့အား သန့်ရှင်းပေးနေရင်း သူမကို အလေးအနက် စိုက်ကြည့်ကာ ပုံမှန်အသံဖြင့် "ညီမရဲ့ချစ်သူ ပြောင်းပေးတာလေ"
"ကျွန်မရဲ့ချစ်သူ?" ချင်းစုယွဲ့မှာ လျှပ်တပြက် ထိုးနှက်ခံလိုက်ရသလို ခံစားလိုက်ရသည်။
အဲဒီချစ်သူက ဘယ်သူတုန်း? ချန်းစီနျန်လား? ချန်းစီနျန်က ဘာတွေကြိတ်ကြံစည်နေတာလဲ?
ဒါက ချန်းစီနျန်ရဲ့မာမားနှင့် တစ်နည်းနည်းတော့ ပက်သတ်နေမယ်လို့ ထင်မိသည်။ ဒီလိုမှမဟုတ်ရင် ထိုအလုပ်အရမ်းများလှတဲ့ နှစ်ယောက်လုံးက ဘာလို့Aမြို့ကို တစ်ချိန်ထဲ ရောက်လာရမှာလဲ?
ချင်းစုယွဲ့မှာ ထိုအကြောင်းကို ဆက်တွေးနေဖို့ အင်အားမရှိတော့ပေ။ သူမမှာ အလွန်တရာမှ ဗိုက်ဆာလို့နေလျက် မနက်စာစားဖို့ မစောင့်နိုင်တော့ချေ။ အံ့ဩစရာကောင်းတာကတော့ ထိုအချိန်တွင် အနောက်တိုင်းဝတ်စုံနှင့် အမျိုးသားတစ်ယောက် ဝင်လာပြီး သူမကို မနက်စာလာပို့တာပဲ ဖြစ်လေသည်။
ထိုအမျိုးသားမှာ အသက်၂၇နှစ်ဝန်းကျင်လောက်ဟု ချင်းစုယွဲ့က တွေ့လိုက်သည်။ သူ့ကိုကြည့်ရတာ ရိုးသားသည့်ပုံပေါက်ပေမယ့် ချင်းစုယွဲ့က ဘယ်ကလာမှန်းမသိသည်ကိုတော့ မစားလိုပေ။
ထိုလူကလည်း ဒါကို သိသည့်ပုံဖြင့် ပြင်ဆင်လာလေသည် "ကျွန်တော်က မစ္စချန်းရဲ့ လက်ထောက်ပါ ... မမလေးချင်းကို မနက်စာ လာပို့တာပါ"
"ဝမ်ယဉ်းလင်က ရှင့်ကို ပို့ခိုင်းလိုက်တာလား?"
ထိုလက်ထောက်မှာ ချင်းစုယွဲ့က သူ့သူဌေး၏ အမေဖြစ်သူရဲ့အမည်အား တဲ့တိုးခေါ်လိုက်တာကိုတွေ့တော့ ကြောင်အသွားလျက် အသာအယာ ခေါင်းညိတ်ပြလိုက်၏။
ချင်းစုယွဲ့က သူမနှုတ်ခမ်းကို ကိုက်လျက် စားသင့်မစားသင့် ချီတုံချတုံ ဖြစ်နေပြီးမှ "ဝမ်.... အန်တီက ဘာလို့ ကျွန်မအတွက် မနက်စာကို လာပို့ခိုင်းရတာလဲဟင်? အရင်တုန်းကဆို သူနာပြုအန်တီကြီးတစ်ယောက်ကပဲ ပို့ပေးတာ မဟုတ်ဘူးလား?