💚Seon Saeng Nim💚

683 33 11
                                        

Episode💚Thirty-Seven
Markbam 🐰🐍

"ဖွားငယ် "

"ဖွားဖွား "

"ဒီလိုတော့ မထားခဲ့နဲ့ဗျာ.. "

ဘမ်းက ဒီလိုပြောတော့ ဖွားငယ်လေးက ယဲ့ယဲ့လေးပြန်လည်ပြုံးပြပြီး သူမလက်ကို ကိုင်ဆွဲထားတဲ့ လက်ပေါ်ပြန်လည်ဆုပ်ကိုင်ပေးရင်း ပြောသည်။

"ဖွားငယ်က တော်တော် အသက်ကြီးနေပါပြီ သားလေးရယ်..."

Bambamက ခေါင်းတသွင်သွင်ခါသည်။သူ့ပုံက တော်တော် နာကျင်နေပုံရသည်။မျက်ရည်ကလည်း အဝိုင်းသား။

အခုက လောကီကိုစိတ်ကုန်ကာ တရားဘောင်သို့ ရာသက်ပန် ဝင်မည့် ဖွားဖွားကို သူတို့သားအဖ တားချင်နေခြင်း။ဖိုးဖိုးဈာပနပွဲပြီးသည်နဲ့ ဖွားငယ်ဟာ ရှေ့နေ့ခေါ်ကာ သူမတို့ပိုင်ဆိုင်သည့် အမွေဆိုင်ပစ္စည်းအားလုံးကို ဘမ်းတို့ သားအဖကို လွှဲပေးကာ တရားသာသနာ့ဘောင်သို့  ဝင်ရောက်လိုကြောင်း အသိပေးလာခဲ့သည်။

မသွားပါနဲ့လို့လည်း မပြောနိုင်သလို နေပါလို့လည်း မခေါ်ရက်။ဖွားငယ်လည်း အတော်နွမ်းလျနေခဲ့ပြီ။

"ဖွားဖွားက အသက်အတော်ကြီးနေပါပြီ ကလေးတို့် ရယ် တရားရိပ်မှာပဲ ပျော်မွေ့ချိန်သင့်နေပါပြီ..."

Bambam လည်း မတားရက်ခဲ့ပါလေ... ။
အဖော်အဖြစ် ပြုစုပေးဖို့ လင်ယောက်ျားလည်း မရှိတော့သည့်အခါ နောက်ဆံတင်းစရာလည်း မလို။ဇနီးမယားတာဝန်လည်း ကျေပွန်စရာ မလိုတော့ပြီမို့
တရားအားထုတ်ဖို့ စိတ်အားထက်သန်နေတဲ့ ဖွားငယ်ကို သူ ဆွဲမထားတော့ပဲ အဲ့ဒီအစား
ဖွားငယ်အတွက် ပါရမီဖြည့်ပေးလိုက်ဖို့ ဆုံးဖြတ်လိုက်တော့သည်။

ထိုင်းရိပ်သာ ကျောင်းတစ်ခုမှာပဲ ဆံပယ်ကာ သီလရှင်ဝတ်ပေးပြီး အလှူတွေပါပေးကာ ပြီးဆုံးသည်ထိ ဘမ်းဘမ်းက တာဝန်ယူခဲ့သည်။ တစ်စုံတစ်ယောက်ကလည်း နောက်ကွယ်ကနေ အကူအညီပေးခဲ့သည်။

( ထိုင်းမှာ ရိပ်သာရှိမှန်း မရှိမှန်းတော့ သေချာမသိပါဖူး။ စိတ်ကူးနဲ့သာ ပုံဖော်လိုခဲ့ခြင်းပါ။ )

______________

တနေ့သော အခါ။

💚 Seon Saeng Nim 💚 [Z+U COMPLETED]Donde viven las historias. Descúbrelo ahora