.. ၅၅ ..
20.8K 2.3K 76
《Zawgyi》
အပိုင်း - ၅၅ [ရှချောင်း - ၁]
ကုမ္ပဏီအသစ်ကို ထူထောင်သည့်အပြင် ချန်းစီနျန်က ကျောင်းအတွက် သိပ္ပံနှင့် နည်းပညာဆိုင်ရာ အဆောက်အအုံအသစ်တစ်ခု အတွက်ကိုလည်း စတင်ပြင်ဆင်နေတာ ဖြစ်လေသည်။
ထိုအဆောက်အုံရဲ့ ဖွဲ့စည်းတည်ဆောက်ပုံကို ထိန်းချုပ်ကွပ်ကဲရန်အတွက် ချန်းလုပ်ငန်းစုက ငွေကြေး စိုက်ထုတ်ထောက်ပံ့ခဲ့တာပင် ဖြစ်၏။
တိုက်ဆိုင်စွာပဲ ချန်းစီနျန် ဘွဲ့ယူသည့် အခမ်းအနားမကျင်းပမှီ နှစ်ရက်အလိုတွင် ထိုသတင်းက ပျံ့နှံ့လို့သွားလျက် တစ်ကျောင်းလုံးကို ခလောက်ဆန် လှုပ်လှုပ်ရှားရှားဖြစ်စေတော့၏။
"ဒီလို အရမ်းအရမ်းကို ကြီးမားတဲ့ စီမံကိန်းကြီးတစ်ခုလုံးကို ချန်းစီနျန်က ငွေကြေးထောက်ပံ့ပေးခဲ့တာလား! သူက အရမ်းချမ်းသာတာပဲဟ!"
ချန်းစီနျန်ကို နဂိုထဲကမှ လေးစားအထင်ကြီးသူ အပေါင်းတို့မှာတော့ ဤသတင်းမှာ ချန်းစီနျန်နှင့် သူတို့အကြားရှိ ကွာဟချက်ကြီးအား မီးမောင်းထိုးပြ ထင်ရှားလိုက်စေသလိုပင် ဖြစ်လေသည်။
မိန်းကလေးအပေါင်းတို့မှာ သူမတို့၏ ချန်းစီနျန်အပေါ်တွင် ထားရှိသည့် ချစ်ခြင်းမေတ္တာတို့အား ဖွင့်ဟဝန်ခံဖို့ရန် စိတ်အားထက်သန်လို့နေကြလျက် ဘွဲ့နှင်းသဘင် အခမ်းအနားမတိုင်ခင် အချိန်တိုလေးအတွင်းမှာ အတတ်နိုင်ဆုံး ကြိုးစားပြင်ဆင်နေကြသည်။ ဒါပေမယ့် ထိုနေ့တွင် တနေကုန် ရှာဖွေကြတာတောင်မှ မအောင်မြင်ကြပဲ သူ မတက်ရောက်ခဲ့ဘူးဆိုတာကိုသာ သူမတို့တတွေ သိလိုက်ရ၏။
ကျောင်း၏အရေးပါလှသော ပုံရိပ်ဖြစ်သည့် ချန်းစီနျန် တက်ရောက်ခြင်းမရှိတော့ မိန်းကလေးတွေမှာ အခမ်းအနားပေါ်၌ စိတ်ဝင်စားခြင်း အလျဉ်း မရှိတော့ပေ။ သူ မတက်ရောက်ခြင်းကြောင့် တစ်ကျောင်းလုံးက ဒေါသထွက်နေကြခြင်း ဖြစ်လေရာ ပတ်ဝန်းကျင်လေထုကပင် မှိုင်းညို့လို့နေလေသည်။
ကျုံချင်းနှင့် သူမ၏အခန်းဖော်တွေမှာ မနက်အစောကြီးထဲကပင် ပြင်ဆင်ခဲ့ကြလျက် ဂရုတစိုက် ဝတ်စားပြင်ဆင်ခဲ့ကြတာပင် ဖြစ်သည်။ အကြောင်းကတော့ သူမတို့၏ စီနီယာများအား ဂုဏ်ပြုပန်းလေးတွေ ပေးကြဖို့ပင် ဖြစ်ပြီး နောက်တစ်ချက်ကတော့ ချန်းစီနျန်၏ နှစ်လိုဖွယ်ရာ ဆွဲဆောင်မှုကို နောက်ဆုံးတစ်ကြိမ်အနေဖြင့် တွေ့ကြုံလိုခြင်းပင် ဖြစ်လေ၏။