.. ၅၆ ..
20.1K 2K 34
《Zawgyi》
အပိုင်း - ၅၆ [ရှချောင်း - ၂]
ချရှောင်းက သူ့လက်မောင်းတွေကို ဆန့်ထုတ်လျက် စာအုပ်တွေကို ကောက်ယူစုစည်းလိုက်သည်။
ချင်းစုယွဲ့က အနည်းငယ် ရှက်ရွံ့မိလျက် မတ်တပ်ရပ်လိုက်၏။ သူမ ဘာလို့ သူ့စာအုပ်တွေကို ကောက်ပေးနေတာကို ရပ်လိုက်ရတာလဲဆိုတော့ အတွေးထဲ နစ်မျောနေမိသွားလို့ပင် ဖြစ်သည်။ သူမ လက်ထဲတွင်တော့ စာအုပ်တစ်အုပ်ထဲကိုသာ ကိုင်ထားမိလျက် ၎င်းကို သူ့စာအုပ်ပုံအထပ်လိုက်ပေါ်တွင် ကမောက်ကမဖြစ်စွာ ထပ်တင်ပေးလိုက်ရင်းနှင့် "တောင်းပန်ပါတယ် ... ကျွန်မ အတွေးလွန်ပြီး စိတ်ပျံ့သွားမိလို့ပါ"
ရှချောင်းက သူမကိုစိုက်ကြည့်နေရင်း မျက်ခုံးပင့်ကာ ပြုံးပြလျက် "မင်း ကိုယ့်အကြောင်း တွေးနေတာလားလို့များ မေးခွင့်ရှိမလား?"
"ဟင်?" ချင်းစုယွဲ့ရဲ့ နှုတ်ခမ်းထောင့်မှာ ရုတ်တရက် တွန့်သွားမိပြီး ဘာပြန်ပြောရမှန်းမသိပဲ ကြောင်အနေမိသည်။
"မင်းက ရှန်ကျင်းမြို့ကနေ ကျောင်းသူဖလှယ်တဲ့အနေနဲ့ ပြောင်းလာတဲ့တစ်ယောက် ဟုတ်တယ်မလား? ကိုယ်တို့က မေဂျာအတူတူပဲမလား? ရှချောင်းက ထပ်မေးလိုက်သည်။
ချင်းစုယွဲ့က ခေါင်းညိတ်ပြလိုက်မိပေမယ့် ရှချောင်းက ထပ်ပြောလိမ့်မည်ဟုတော့ မထင်ခဲ့ပေ "မင်းက အခုချိန်မှာ ပွဲတစ်ခုကို စီစဉ်တင်ဆက်နေရမယ်ဆိုပါစို့ ကိုယ်ထင်တာတော့ မင်းရဲ့တုံ့ပြန်မှုက နည်းနည်းလေးတော့ နှေးနေတယ်"
ချင်းစုယွဲ့က သူ့ရဲ့နောက်ဆုံးမှတ်ချက်ကို ကြားရတဲ့အချိန်မှာ လုံးလုံးလျားလျား စိတ်တို်င်းမကျမိပေ။ သူပြောတာ မှန်ပေသည်။
"ကိုယ်တို့က ဧည့်သည်တွေကို အင်တာဗျူးနေချိန် သူတို့ကို ကိုယ်တို့ မေးခွန်းတွေ မေးမြန်းကြမယ် ... ဒါပေမယ့် အချိန်နဲနဲကြာလာတဲ့အခါမှာ အဖြေ အရမ်းကြီး မလိုအပ်ပေမယ့် ထိရောက်စေလိုတဲ့အတွက် ကိုယ်တို့ဘက်ကို ပြန်ဖြေဖို့ခက်ခဲတဲ့ ပြန်လှန်မေးခွန်းတွေ သူတို့က မေးလာနိုင်တယ် ... အဲဒါဆိုရင် တစ်ကယ်လို့ မင်းကို မမျှော်လင့်ပဲ မေးခွန်းတွေ ပြန်မေးမယ့် ဧည့်သည်တစ်ယောက်ကိုဦးဆောင်ပြီး အင်တာဗျူးရမယ်ဆိုရင် မင်းရဲ့တုံ့ပြန်မှုက အခြေအနေကို ကိုးရိုးကားယား ကမောက်ကမ ဖြစ်စေလိမ့်မယ်" သူက ထိုသို့ပြောလိုက်ရင်း သူမရဲ့ အကြာကြီး ရပ်တန့်တိတ်ဆိတ်နေမှုကို ချိုးဖျက်လိုက်သည်။