"ဟင် ကိုကြီး ဘာလာလုပ်တာလဲ"
"ဘာလာလုပ်လုပ်ပေါ့ကွ ကိုယ့်ညီဆီလာတာဘဲ အကြောင်းပြချက်လိုသေးလို့လား"
"လိုတာပေါ့ ပုံမှန်ဆိုကိုကြီးကကျွန်တော့်အခန်းထဲဘယ်တုန်းကလာဘူးလို့လဲ"
"ငါအခုလာတာလည်းမင်းကိုတွေ့ချင်လွန်းလို့မဟုတ်ပါဘူး"
"အဲ့ဒါဆို ဘယ်သူ့ကိုတွေ့ချင်လို့လာတာလဲ"
"မပြောနိုင်ဘူး"
"ကဲပါ မောင်ရယ် တိမ့်ကိုစမနေနဲ့ ဟိုကမှစိတ်ညစ်နေရတဲ့ကြားထဲ"
နေ ဝတ်ရည်ရဲ့ဘေးမှာဝင်ထိုင်ပြီး ဝတ်ရည်ရဲ့ပခုံးကိုဖက်ပြီး
"ပြောရမယ်ချစ်ရဲ့ ဒီကောင်က သူချစ်သူရသွားတဲ့ကိစ္စကို ကိုယ့့်ကိုမှပြောမပြတာ ဒီအစ်ကိုတစ်ယောက်တည်းရှိတာကို"
"ဟင် နင် နင် နင်တို့နှစ်ယောက်က"
"အေး နင်ထင်သလိုဘဲ"
"ဟာ ကိုကြီးကကျွန်တော့်ကိုကျပြောပြီး ကိုကြီးကျတော့ရော ကျွန်တော့်ကိုပြောမပြဘဲနဲ့ နှစ်ယောက်လုံးကလည်းအနေအထိုင်ပိရိလိုက်ကြတာ"
"မင်းကိုမပြောပြခဲ့လို့ အခုမင်းကိုငါ့ချစ်လေးနဲ့ပေးစားဖို့စီစဉ်တာ ငါသာပြောပြခဲ့ရင် ဖေဖေနဲ့မေမေပာသိသွားပြီး ဖေဖေကမင်းအတွက် တခြားမိန်းကလေးတစ်ယောက်သာရှာထားမယ်ဆို မင်းသေချာပေါက်အဲ့ဒီ့မိန်းကလေးကိုဘဲယူပြီး မင်းရဲ့ ကောင်းကင်ကြီး နဲ့ကွဲရမှာ 99% လောက်သေချာသွားမှာနော့ ပြီးတော့မင်းတို့နှစ်ယောက်အကြောင်းကို ငါ့ချစ်လေးဆီကအကုန်သိပြီးပြီ"
"အင်းပါ နားလည်ပာပြီ ဒာနဲ့အခုကိစ္စကိုဘယ်လိုလုပ်ကြမလဲ"
"မင်းတို့နှစ်ယောက်လုံးလက်ထပ်ဖို့သဘောတူတယ်လို့ပြောလိုက်"
"ဟင် အဲ့လိုပြောလို့ဘယ်ဖြစ်မှာလဲ ကိုကြီးရဲ့ "
"ဟာကွာ မင်းကတော့ကွာ ပိန်းလိုက်တာ ငါ့ညီလို့မပြောစမ်းပါနဲ့ ဖေဖေကငါ့ကိုအစောကြီးကတည်းကပြောထားတာ မင်းနဲ့ဝတ်ရည်ကိုပေးစားဖို့ ဒါပေမဲ့ချက်ချင်းကြီးမဟုတ်သေးလို့ငါလည်းငြိမ်နေလိုက်တာ အဲ့ဒါကြောင့်ဒီလိုဖြစ်လာရင် ဘယ်လိုလုပ်ရမလဲဆိုတာငါကြိုတွေးထားပြီးသား လာ ငါအစီအစဉ်တွေအကုန်ပြောပြမယ် ဒီလိုကွ *#%¿£€©£©®_±"]\©=<>(:/\("
YOU ARE READING
"ကောင်းကင်ရဲ့တိမ်" (Complete)(Unicode+Zawgi)
Romanceအခုမှ ပထမဦးဆုံးရေးတဲ့ficဖြစ်တာကြောင့် ဖတ်ပြီးရင် ဝေဖန်ပေးကြပါ
