" Yeonjuu ssi..... နေရာလေးလဲပေးလို့
ရမလားမသိဘူး "
နားကြပ်တပ်ထားတော့ ဘာပြောမှန်းမကြားလိုက်တာ
မို့ နားကြပ်တစ်ဖက်ကို ဖြုတ်ကာ bora အား
ပြန်မေးလိုက်မိသည်။
" sry မကြားလိုက်လို့ "
" ဟို နေရာလေး လဲပေးလို့ရမလားမသိဘူး "
Yeonjuu လဲ သူ့အနားမှာ ထိုင်ကာ ဖုန်းကိုသာ
ငုံ့သုံးနေသော jungkook အားတစ်ချက်ငဲ့ကြည့်
၍
" ok လေ "
ထိုကောင်လေး အနားမှ ထ သွားတော့မှ
Jungkook လဲ ယောင်ယမ်းကာ ကြည့်မိတော့မှ
ဖြစ်စဉ်ကိုနားလည်သွားဟန်ဖြင့်
" အော်... "
" ထိုင်မယ်နော် "
" ဟိုနေရာက ဘာဖြစ်လို့လဲ "
" minjoon နဲ့မို့လို့ "
Minjoon ဆိုတာက သူမအား ကျောင်းထဲ
အတင်းလိုက်နှောက်ယှက်နေသည့်သူ
သူမနှင့် တွဲနေတာကို သိနေသော်လည်း
နောက်မဆုတ်သွားဘဲ အတင်းလိုက်ကပ်ခဲ့ဖူးသူ
ဖြစ်နေတာကြောင့် နေရာပြောင်းလာခြင်းဖြစ်သည်
" အင်း "
သူလဲ ဘာမှဆက်မပြောနေဘဲ
ဖုန်းကိုသာ သည်းကြီးမဲကြီးသုံးနေမိသည်
" ဘာလို့ ဖုန်းကိုဘဲ ငုံ့သုံးနေတာလဲ
ခေါင်းမူးလိမ့်မယ် "
" noona ကိုယ့်ဘာသာကိုယ်ဘဲ ဂရုစိုက်ပါ "
" တို့က စေတနာနဲ့ပြောတာပါ "
" ကျွန်တော် tae ကိုတွေ့နေရတာနဲ့တင်
အဆင်ပြေတယ် "
Jungkook အပြောကြောင့် ဖုန်းကိုတစ်ချက်လှမ်းကြည့်တော့မှ
Taehyung twt ထားသမျှပုံလေးတွေကို
လိုက် save နေပြီး ဘယ်ပုံကို wallpaper ထားမလဲဆိုတာ ရွေးရခက်နေပုံပင်
" ဒီပုံလေးထားပါလား "
သူမ ထောက်ပြရာ ပုံကိုကြည့်လိုက်တော့
ဆေးရုံက coffee ဆိုင်တွင်
စားပွဲခုံပေါ်ကို မေးလေးထောက်ကာ
မှန်ကနေတစ်ဆင့် အပြင်သို့ငေးနေပုံလေး
ဖြစ်တာကြောင့် Side view လေးကလဲ perfect ဖြစ်သလို
နှာတြံမင့်မြင့်လေးကလဲ ထင်းနေတာကြောင့်
ထိုပုံလေး မဆိုးဘူးဟု တွေးကာ ကြည့်နေတုန်း
တစ်ဖက်သို့ ဆွဲလိုက်မိတော့
နှုတ်ခမ်းလေးထော်ကာ မျက်လုံးလေးများမှိတ်ထားပြီး
ပြောင်စပ်စပ်မျက်နှာလေးက ချစ်ဖို့ကောင်းတာမို့
ထိုပုံလေးဘဲ ထားရန် ဆုံးဖြတ်လိုက်သည်။
မျက်နှာကလဲ ပြုံးစိစိနဲ့မို့
YOU ARE READING
THE DEEPEST ( COMPLETED ) Unicode + Zawgyi Font
Romanceခင်များက တော်တော် ရက်စက် ယုတ်မာ အောက်တန်းကျတဲ့လူဘဲ Kim Tae Hyung~ မင်းလို ပညာဂုဏ် အလှဂုဏ်မောက်ပြီး လူကို လူလို့ မထင်တဲ့ ယောက်ျားမျိုးကို ကျုပ်ဆိုတဲ့ကောင်ကလဲ သိပ်ကို ရွံမုန်းတာ Jeon Jungkook~
