အခန်း ၄၅

5.9K 555 33
                                    

အခန်း ၄၅

ကျွန်မတို့စတွေ့ခဲ့စဉ်က အကြောင်းပြန်တွေးရင်း ...

အသံတိုးတိုးလေးဖြင့်...

"တာ့တာနော်"

ဟုပြောရင်း တံခါးဆီတည့်တည့်သွားသည်။

အခန်းသည် ငြိမ်နေသည်။

ချောင့်ခြေဖွဖွနင်းသံများကလွဲ ဘာအသံမှမရှိ။

တံခါးဆီရောက်ခံနီး သူမနောက်က လိုက်လာသည့် ခြေသံကိုကြား၏ ။

ချောင် ခြေနှစ်လှမ်းအရောက် သူမနောက်က လက်က သူမကို ကျော်သွားကာ သူမ တံခါးဖွင့်မည်လုက်နေတုန်း ...

'ဘန်း'

တံခါးဆောင်းပိတ်ခဲ့သည်။

လုရဲ့ ကြမ်းတမ်းသောလုပ်ရပ်ကြောင့် ချောင် တုန်လူပ်နေသည်။

သူမ မော့ကြည့်မည်လုပ်နေစဉ်မှာတင် လု သူမလက်ကောက်ဝတ်ကို ဖမ်းဆွဲပြီး အခန်းထဲကို တရွတ်တိုက်ဆွဲခေါ်သွားသည်။

သူမ လက်ကောက်ဝတ်မှာ အားဖြင့်ဖမ်းဆုပ်ထားသောကြောင့် သွေးခုန်နေ၏ ။

သူမပြန်တိုက်ခိုက်ဖို့လုပ်သည်။

လု၏ အားကြောင့် အတင်းရုန်းလည်း မရချေ။

လု အိပ်ခန်းတံခါးကို တွန်းဖွင့်လိုက်ပြီး အားကောင်းကောင်းဖြင့် ချောင့်ကို အထဲတွန်းပို့သည်။

ချောင်ပြန်ထမည်အလုပ် သူမတစ်ကိုယ်လုံး တရွတ်တိုက်ဆွဲခေါ်လာသောကြောင့် လုအနောက်မှာ နီးကပ်စွာ ရှိနေ၏ ။

သူ သူမကို မြှောက်ချီလိုက်ပြီး ရေချိုးကန်ထဲသို့ ပစ်ချသည်။

နံရံမှာ ကပ်ထားသည့် ရေပန်းကိုယူပြီး အမြင့်ဆုံးတင်ကာ အားအပြင်းဆုံးရေပန်းများဖြင့် ဘာတစ်ခွန်းမှ မပြောဘဲ သူမကို ပက်ဖျန်းပစ်သည်။

ရေ သည် သူမခန္ဓာကိုယ်ကို ထိုးဖောက်သည့်ပမာ ထိနေလျက် အလွန်ပင်အေးစက်ကာ နာကျင်နေခဲ့သည်။

ရေချိုးကန်ထဲက ခုန်ထွက်မည်ကြိုးစားသော် သူမလက်ကောက်ဝတ်ကို ထောင့်ကပ်ချုပ်ထားလိုက်၏ ။

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now