Chapter 202

1.8K 204 1
                                    

Chapter-202

“အဖေ… ဆေးလုံးက အခုအချိန်မှာ မတည်ငြိမ်ဆုံးအချိန်ပဲ… စိတ်ဝိညာဉ်ခွန်အားကို အသုံးပြုပြီး ဆေးလုံး၏ဖွဲ့စည်းပုံကို တည်ငြိမ်အောင်လုပ်ဆောင်လိုက်တာ အကောင်းဆုံးပဲ…..”

“ဆေးလုံးကို ဖွဲ့စည်းဖို့ အဆင်သင့်ဖြစ်နေပြီ… အဖေ မီးအားကိုမြန်မြန်လျှော့ချလိုက်ပါ… အရိုးကြီးထွားခြင်းဆေးလုံးကို ဖွဲ့စည်းတဲ့အချိန်မှာ မီးအားပြင်းပြင်းပေးလို့ မရဘူး…..”

. . . . . .

ဤအရာက ဆေးဖက်ဝင်ပစ္စည်းများ၏ တတိယအစုံမြောက်ဖြစ်သည်။ ယီဟန်၏စောစောက ဆေးဖော်စပ်မှုနှစ်ခုမှာ ကျရှုံးသွားခြင်းဖြင့် အဆုံးသတ်သွားခဲ့၏။

ယီယွမ်က တစ်ချိန်လုံး ဆေးဖော်စပ်မှုကို ဘေးမှလေ့လာနေခြင်းပြုလုပ်ကာ လမ်းညွှန်ပေးနေခဲ့၏။ သို့သော်မည်သို့ပင်ဆိုစေကာမူ ယီဟန်က ကျရှုံးသွားခဲ့ပေသည်။

ယီဟန်၏ဆေးဖော်စပ်မှုက ယီယွမ်၏မျက်လုံးထဲတွင် အားနည်းချက်များ ပြည့်နှက်နေခဲ့သော်လည်း လက်ရှိအချိန်တွင် သူကဖော်စပ်ရန်စိတ်ကူးရှိလျှင်ပင်
ခွန်အားလုံလောက်ခြင်းမရှိသေး၍ ယီဟန်အပေါ်တွင် မှီခိုရန်သာ တတ်နိုင်ခဲ့ပေ၏။

ကံကောင်းစွာပင် ယီဟန်၏ မှော်ဆေးပညာ အဆင့်အတန်းက ဆိုးရွားခြင်းမရှိပေ။ သူ၏ကြိုးစားမှုနှစ်ကြိမ်မှာ ကျရှုံးသွားခဲ့သော်လည်း ယီယွမ်က ဘေးမှလမ်းညွှန်မှုပေးနေခဲ့ပေရာ ယီဟန်၏ တိုးတက်မှုက အလွန်မြင့်မားလာခဲ့ပေသည်။

ဤသုံးကြိမ်မြောက်ဖော်စပ်မှုက ပို၍ချောမွေ့လာသည်မှာ သိသာနေခဲ့သည်။ ယခင်နှစ်ကြိမ်က ခက်ခဲနေခဲ့သော နေရာများမှာလည်း ယခုအချိန်တွင် ပို၍ညက်ညောချောမွေ့လာခဲ့၏။

အမှန်တကယ်၌ ဤအရာမှာ ယီယွမ်ကဘေးမှနေ၍ အသေးစိတ်ညွှန်ကြားနေခဲ့ခြင်းကြောင့် ဖြစ်သည်။ ဤသို့မဟုတ်ပါက ယီဟန်ကို တစ်စုံတစ်ယောက်က ဆေးဖက်ဝင်ပစ္စည်း ဆယ်စုံသို့မဟုတ် အစုံနှစ်ဆယ်ခန့်ပေးလျှင်ပင် သူကထိုအရာများအားလုံးကို ဖြုန်းတီးပစ်လိုက်ပေလိမ့်မည်။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now