Chapter 203

1.7K 192 1
                                    

Chapter-203

“စွန်းမိသားစုရဲ့ မိသားစုခေါင်းဆောင်ကြီး စွန်းထန်ယင်ရောက်ရှိလာပါပြီ…..”

“ဆေးလုံးဖွဲ့စည်းခြင်းဂေဟာသခင်ကြီး ဂျန်ရှင်းရောက်ရှိလာပါပြီ…..”

“ဝမ်းမိသားစုရဲ့ မိသားစုခေါင်းဆောင်ကြီး
ဝမ်းကျီရောက်ရှိလာပါပြီ…..”

. . . . . .

ကြယ်တာရာယစ်မူးဂေဟာ၏ ဝင်ပေါက်ရှေ့တွင် ကြီးကြပ်ရေးအရာရှိတစ်ယောက်က ကျယ်လောင်သောအသံဖြင့် ထပ်ကာထပ်ကာ သတင်းပေးအကြောင်းကြားနေခဲ့၏။

မိသားစုကြီးများ၏ မိသားစုခေါင်းဆောင်များ၊ မှော်ဆေးပညာလောက၏ နာမည်ကြီးပုဂ္ဂိုလ်များ၊ လက်ရှိအချိန်တွင် နာမည်ကျော်ကြားနေကြသော သိုင်းပညာရှင်များနှင့် မြို့တော်မှ အရေးပါသော မြို့မျက်နှာဖုံးပုဂ္ဂိုလ်များအားလုံးက ကြယ်တာရာယစ်မူးဂေဟာသို့ စုဝေးရောက်ရှိလာကြသည်။

“”ဟားဟား… စွန်းမိသားစုခေါင်းဆောင်ကြီးက ကျွန်တော်တို့
ဖိတ်ကြားထားတာကို လက်ခံပြီးကြွရောက်တာက ကျွန်တော်တို့လို နိမ့်ကျတဲ့လူတွေအတွက် သနားကြင်နာခြင်းကို ပြသပေးလိုက်တာပါပဲ…  အထဲကိုမြန်မြန်ကြွရောက်ပြီး ထိုင်ပါဦးနော်…..”

“အားရိုး… ဒါက ဂျန်ဂေဟာသခင်မဟုတ်လား… မတွေ့ရတာကြာပြီနော်… မတွေ့ရတာကြာပါပြီ… ကျေးဇူးပြုပြီးအထဲကိုကြွရောက်ပေးပါ… အထဲကို ကြွရောက်ပေးပါ…..”

ဝမ်ဒွန်ယန်က ကြယ်တာရာယစ်မူးဂေဟာ၏ ဝင်ပေါက်၌ ဧည့်သည်များကို ကြိုဆိုနေခဲ့ရာ အလွန်တရာ အလုပ်များနေခဲ့၏။

ဝမ်ဒွန်ယန်၏ မျက်နှာတွင်ပေါ်ပေါက်နေသော ဝမ်းသာပီတိဖြစ်နေမှုများကို လူတိုင်းမြင်တွေ့နိုင်ပေသည်။

ဝမ်ဒွန်ယန်က ချိုချိုသာသာပြုမူကြိုဆိုနေခဲ့သော်လည်း ထိုလူတန်းစားခွဲခြားဆက်ဆံသော လေသံနှင့်အပြုအမူများက လူအများကို အတော်ကလေး မကျေမနပ်ဖြစ်စေခဲ့၏။

သို့ရာတွင် သူတို့က မည်သို့ပင် မပျော်မရွှင် ဖြစ်နေစေကာမူ ရွေးချယ်စရာလုံးဝမရှိခဲ့ပေ။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now