Chapter 204

1.6K 189 1
                                    

Chapter-204

“ဟားဟား… ဝမ်ဒွန်ဟိုင် ခင်ဗျားက တကယ်ကို သောက်ရေးမပါတာတွေပြောနေတာပဲ… ငြိမ်သက်တိမ်တိုက်အဖွဲ့ရဲ့ အတွင်းစည်းတပည့်တစ်ယောက်ကို ဒီလိုနည်းလမ်းနဲ့ စကားပြောရဲတယ်ပေါ့လေ…..” ယီယွမ်က သူ၏ပြုံးနေသော အမူအရာကို စွန့်လွှတ်လိုက်ပြီး ရေခဲတမျှအေးစက်နေသောအသံဖြင့် ပြောဆိုလိုက်ပေသည်။

ထိုစကားကိုကြားချိန်တွင် ဝမ်ဒွန်ဟိုင်၏မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့သည်။ ယီယွမ်က လက်ရှိအချိန်တွင် ငြိမ်သက်တိမ်တိုက်အဖွဲ့၏ အတွင်းစည်းတပည့်တစ်ယောက်ဟူသော အဆင့်အတန်းကို ပိုင်ဆိုင်ထားခဲ့ခြင်းအား သူကအမှန်တကယ်ပင် မေ့လျော့သွားခဲ့၏။

ငြိမ်သက်တိမ်တိုက်အဖွဲ့၏ အတွင်းစည်းတပည့်တစ်ယောက်မှာ သာမန်ကမ္ဘာငယ်လေးတစ်ခု၏ အင်ပါရီယာပြည့်ရှင်မင်းတစ်ယောက်ထက် ပို၍အဆင့်မြင့်ပေသည်။

အကယ်၍ မတော်တဆမှုများ မရှိခဲ့လျှင် အတွင်းစည်းတပည့်များထဲမှ အများစုမှာ အနာဂတ်တွင် အရေးကြီးသော အဖွဲ့၏ရာထူးများကို ရရှိသွားကြလေ့ရှိ၏။

ယီယွမ်၏ရှေ့မှောက်တွင် ဝမ်ဒွန်ဟိုင်ဟူသောသူက မည်သို့အရေးပါတော့မည်နည်း။

“ဘယ်လိုလဲ… ဂေဟာသခင်ဝမ်ရဲ့ မျက်လုံးထဲမှာ အဆင့်မြင့်အဖွဲ့ရဲ့ အတွင်းစည်းတပည့်ထက် ခင်ဗျားရဲ့အရှင်သခင်က ပိုပြီးအဆင့်မြင့်ဦးမယ်လို့ ထင်နေတာလား… ကျွန်တော်က ဒီနေရာမှာ အချိန်အကြာကြီး မတ်တတ်ရပ်နေခဲ့တာတောင် ကျွန်တော့်ကို လာနှုတ်ဆက်ရမယ်ဆိုတာ ခင်ဗျားနားမလည်ဘူးလား…..” ယီယွမ်၏ လေသံက ပြောနေရင်း ပို၍ပြင်းထန်အေးစက်လာခဲ့သည်။

ဝမ်ဒွန်ဟိုင်၏ အိုမင်းနေသောမျက်နှာက ပုတ်သင်ညိုတစ်ကောင်ကဲ့သို့ အရောင်များက မကြာခဏပြောင်းလဲနေခဲ့၏။

သူ၏စိတ်ထဲတွင် ထိုအချက်ကို လက်ခံလိုစိတ်မရှိပေ။

ဤအရာက ယီယွမ်သည် နန်ဖိန်မိသားစုအတွက် ကူညီရပ်တည်ပေးခြင်းဖြစ်ကြောင်း သူကောင်းစွာသိရှိသော်လည်း သူကယီယွမ်အား မည်သည့်အရာကိုမှ ပြုလုပ်နိုင်စွမ်းမရှိပေ။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now