Chapter 208

1.5K 176 2
                                    

Chapter-208

“ဂေဟာသခင်ဝမ် ဒါဆိုရင် ပြောပြပါဦး… အဲဒီဆေးလုံးတွေကို ကျွန်တော်တို့ဆီမရောင်းချခင် ဘယ်လိုအပေးအယူမျိုးကို ဂေဟာသခင်ဝမ်က လိုချင်တာလဲ…..”

ထိုအချိန်တွင် မင်းမျိုးမင်းနွယ်တစ်ဦးက စကားပြောလိုက်၏။ ဝမ်ဒွန်ဟိုင်ထုတ်ဖော်ပြသခဲ့သော ထိုဆေးလုံးများက သူ့အားအကြီးအကျယ် သက်ရောက်မှုရှိစေသည်မှာ ထင်ရှားလှပေသည်။

သို့ရာတွင် သူ၏မေးခွန်းကလည်း လူတိုင်း၏စိတ်ထဲမှ စကားများကို ဖော်ထုတ်ပေးလိုက်ခြင်းဖြစ်ပေ၏။

ဝမ်ဒွန်ဟိုင်က ပေါ့ပါးသောအပြုံးတစ်ခုပြုံးပြလိုက်ပြီး ဖြည်းဖြည်းချင်း ပြောပြလိုက်သည်။ “ပြောရမယ်ဆိုရင် ဒီနှစ်အနည်းငယ်အတွင်းမှာ ကျွန်တော်တို့ချင်နိုင်ငံရဲ့ နိုင်ငံတော်အင်အားက အမြဲတမ်းအားနည်းနေတဲ့ အခြေအနေမှာရှိနေတယ်… ငြိမ်သက်တိမ်တိုက်အဖွဲ့ ဆယ်နိုင်ငံမှာ ကျွန်တော်တို့က အောက်ဆုံးနီးပါးအဆင့်မှာ ရောက်ရှိနေခဲ့တယ်… ဒီလောက်နှစ်တွေအများကြီးကြာလာတဲ့အခါ ဘယ်သူကများ ဂုဏ်သိက္ခာထိခိုက်မခံရဖူးတာရှိလို့လဲဆိုတာ ကျွန်တော်သိချင်မိပါတယ်…..”

ပရိသတ်များက ထိုစကားကိုကြားချိန်၌ သူတို့ထင်ထားခဲ့သောအချိန် ကျရောက်လာပြီဖြစ်ကြောင်း သူတို့၏စိတ်ထဲ၌ တွေးမိလိုက်ကြ၏။

ဝမ်ဒွန်ဟိုင်၏စကားများက ဝေဖန်စကားများကို ထွက်ပေါ်လာစေခဲ့သည်။

နိုင်ငံတော်၏ခွန်အားက နိမ့်ကျလာခဲ့သည့်အတွက် မည်သူ့ကို အပြစ်တင်ရမည်နည်း။ ထိုအရာများက သူတို့၏အမှားကြောင့် ဖြစ်လာခဲ့ရခြင်းမဟုတ်သည်မှာ သေချာလှပေ၏။

အမှန်တကယ်တွင်လည်း ထိုအရာက အင်ပါရီယာမိသားစု၏ အမှားသာဖြစ်သည်။

လူအများအပြား၏ မျက်ဝန်းများက နန်ဖိန်လွေ၏ နေရာသို့ ရောက်ရှိသွားခဲ့ကြ၏။

“ကျွန်တော်တို့ချင်နိုင်ငံရဲ့ အင်အားစုတွေက အလွန်သွေးကွဲနေကြပြီး အစွမ်းထက်တဲ့ မဟာမိတ်အဖွဲ့တစ်ခု မရှိသေးဘူးလို့ ကျွန်တော့်စိတ်ထဲခံစားနေရတယ်… တကယ်လို့ ကျွန်တော်တို့အင်အားစုတွေက အင်အားစုကြီးတစ်ဖွဲ့ ဖြစ်အောင် မဟာမိတ်ပြုသင့်ပါတယ်… အဲဒီလိုဆိုရင် ကျွန်တော်တို့က ချင်နိုင်ငံကို အင်အားတောင့်တင်းလာစေလိမ့်မယ်… အခု ကျွန်တော်တို့မှာ စွမ်းအင်စုစည်းဆေးလုံး၊ အစစ်အမှန်ချီစွမ်းအင်ဖြည့်တင်းဆေးလုံး၊ စွမ်းအင်ပြောင်းလဲခြင်းဆေးလုံးနဲ့ စိတ်ဝိညာဉ်မြှင့်တင်ခြင်းဆေးလုံး အစရှိတဲ့ဆေးလုံးတွေအများကြီး ရှိနေပြီလေ… အဲဒီပမာဏနဲ့ဆိုရင် သိုင်းပညာရှင်အများအပြားက ပိုပြီးသန်မာလာနိုင်ဖို့ လုံလောက်ပါတယ်…..”

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(Part-2)Where stories live. Discover now