Topic-A [3]

1.9K 288 19
                                    

[Zawgyi]

" မင်းဘေးကတစ်ယောက်စီက တောင်းလိုက်လေ "

" ဟာ…ဘယ်လိုလုပ်ဖြစ်မှာလဲ "

Chanyeol ၏ ခပ်တိုးတိုးကြိတ်မာန်သံအဆုံးတွင်
Dong Wangက သူ့လက်မောင်းတစ်ဖက်ကို
ပိတ်ရိုက်သွားသည်…။ သင်္ချာဆရာကြီး၏အချိန်တွင်
ပေးထားသောမေးခွန်းပုစ္ဆာတစ်ပုဒ်အပေါ် အချိန်မှီ
မတွက်နိုင်ပါက လုပ်ဆောင်ရမည့်ပြစ်ဒဏ်က…
အားကစားခန်းမသန့်ရှင်းရေးလုပ်ရမည်ဖြစ်သည်။ ဘောလုံးကွင်းပတ်ပြေးသည်ထက်စားသော ပြစ်ဒဏ်ဖြစ်သောကြောင့် Dong Wang တို့ လူမကြည့်တော့ဘဲ တောင်းချင်ရာတောင်းခိုင်းနေ သည်။အဖြေတောင်းခိုင်းနေသောသူက Chanyeol နံဘေးက Baekhyun ထံမှ… … …။

မတောင်းပေးမှုအပေါ် ပွစိပွစိပြောနေရင်း Dong Wang တစ်ယောက် အဘိုးကြီးအိုပေါက်စလို
ပွားသည်…။

" မင်းမေ့နေတာလား… Baekhyunက မင်း ခဲနဲ့
ထုထားမိတဲ့ ကားပိုင်ရှင်လေ… "

" ဟာ! အဲ့ဒါက ငါ ကားမှားထုတာလေ…
Baekhyun ကားကို ထုတာမှမဟုတ်တာ…။
ပြီးတော့… Baekhyunက အခု မှတ်မိတာမှမဟုတ်တာ "

Chanyeol ထင့်ခနဲဖြစ်သွား၏…။ သူ… Dong Wang ၏စကားကိုမကြိုက်ပါ…။ အမှန်တကယ်ပင်
Baekhyunက မမှတ်မိသည်ဆိုသော်ငြား… ယခု
အချိန်တွင် ထည့်သုံးသင့်သောစကားတစ်ခွန်းမဟုတ်
တာတော့သေချာသည်…။ကျောင်းနောက်ဘက်CCTVမှ မှတ်တမ်းတင်ထားမိသော မှတ်တမ်းအရ Baekhyun ကားကိုယ်ထည်ကို ခဲနှင့်ထုသွားခဲ့
သူမှာ Dong Wang ဖြစ်ကြောင်း အရှင်းအလင်း
သိလိုက်ရသကဲ့သို့ Dong Wangဘက်မှလည်း
ဝန်ခံခဲ့ပါသည်။ သို့သော်… Dong Wangကို
အရေးမယူဖို့ Baekhyunဘက်မှ သူနှင့်အလဲ
အလှယ်လုပ်ပေးခဲ့သည်ကိုမှမထောက်…။

ကွက်ခနဲပျက်သွားသောသူ့မျက်နှာကို ဖတ်မိသော
Dong Wangက "ဆောရီး"ဟု ခပ်တိုးတိုး
တောင်းပန်လာသည်။ သူ ဆက်မပြောတော့ဘဲ သင်္ချာ
ပုစ္ဆာကို ထင်သည့်အဖြေကိုသာ ရမ်းသမ်းချရေးရန်ပြင်
ခိုက်… မေးခွန်းစာရွက်ပေါ်ကျလာသော စာရွက်အပိုင်း
အစသေးသေးလေး…။ ဆုတ်ဖြဲထားဟန် စာရွက်အပိုင်းလေးပေါ်တွင် တွက်ထားသော သင်္ချာ
တွက်နည်းများ… … …။

[ • T O P I C - A • ]                                    CompletedWhere stories live. Discover now