အပိုင်း ၁၆*

18.1K 1.5K 121
                                    

Warning 🔞🚫

"ရွာထဲကိုက ညနေဘက်မှ
လည်ကြမယ်လေ...."

အန်းလုတို့က ရွာ၏အရှေ့ဘက်
သုံးလွန့်တောင်တွင် ရှိသော ရေတံခွန်တစ်ခုသို့
ရောက်ရှိနေကြသည်။

ရေတံခွန်မှ ကျဆင်းနေသော
ရေသံတို့က ပင် စိတ်ကိုလန်းဆန်းစေနိုင်လောက်သည်။
အန်းလု၏ မိခင်က ရေတံခွန်အောက်ခြေနားရှိ
ရေကန်၏ ကမ်းစပ်နား ကျောက်တုံး
တစ်တုံးပေါ်တွင် ထိုင်ကာ
အန်းလုတို့အား စောင့်ကြပ်ပေးနေသည်။

အန်းလုတို့က အပေါ်ပိုင်းဗလာဖြင့်ပင်
ဘောင်းဘီတိုလေးများကို ဝတ်ဆင်လျက်
ရေဆော့နေကြသည်။

အန်းလုမိခင်၏ စကားကြောင့်
အားလုံးက သူမကိုလှမ်းကြည့်လိုက်ရင်း
ထောက်ခံကြသည်။

"ညနေ.....ဒီနေ့က မီးပုံပျံလွှတ်မဲ့နေ့လား..."

"ဟုတ်တယ်....ကိုယ့်ရဲ့ကိုယ်ပိုင်မီးပုံးလေးတွေ
ကို ကိုယ့်ဘာသာသွားဝယ်ထားကြ...."

အန်းလုက သူ၏ဘေးတွင်ရှိနေသော
ချီရှန်း၏ လက်မောင်းအား တချက်ရိုက်လိုက်သည်။

"ရှန်းရှန်း ရှန်းရှန်း မီးပုံး အတူဝယ်ရအောင်...."

ချီရှန်း၏ ဘယ်ဘက်လက်မောင်းထက်ရှိ
မြှားဒဏ်ရာ အမာရွတ်မှာ
ယခုအချိန်အထိ မပျောက်သေးပေ။

နန်းတွင်းရှိ အကောင်းဆုံးဆေးဝါးများဖြင့်
ပျောက်ကင်းအောင် လုပ်၍ရနိုင်သော်လည်း
သူကိုယ်တိုင်ပင် ငြင်းဆန်ခဲ့သည်။

သဘောမှာ ဤအမာရွတ်အား.
သေရာပါသည်အထိ ယူသွားမည့်ပုံစံပင်။

ချီရှန်းက အန်းလုအား ကြည့်နေရင်း
ခေါင်းညိမ့်ပြကာဖြေသည်။

"အင်း....ဝယ်မယ်လေ...."

ဘေးနားမလှမ်းမကမ်းတွင်ရှိသော
လွမ့်သောက်တို့သုံးယောက်က အန်းလုတို့အားကြည့်ကာ လွမ့်သောက်ကပင်
သူ၏ မျက်နှာထက်တွင် ပေနေသော
ရေစက်ရေပေါက်များကို လက်ဖြင့်အားရပါးရ
သုတ်လိုက်ရင်း

"ငါတို့က နှစ်ယောက်တစ်ခုဝယ်ရလောက်တဲ့အထိ
ကပ်စီးမနည်းဘူးဟေ့......"

ကျန်နှစ်ယောက်က ထောက်ခံသည်။

"ဟုတ်တယ်...တယောက်တစ်ခုပဲ လွှတ်မှာ..."

Love, but Hurt (We meet again) Season 2( Completed)Where stories live. Discover now