Chapter (10)

6K 905 152
                                    


Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.



ဟတ်ပီး…ဟော်လိုးဝင်း။

ဟိုဘက်လမ်းကမီးထိန်ထိန်…ဒီဘက်လမ်းကမီးထိန်ထိန်… အပြိုင်အဆိုင်ထိန်ထိန်လင်းပါတဲ့ ဖရုံသီးလေးတို့ရဲ့အိမ်…။

ဒီညဟာ ဘယ်နေရာကြည့်ကြည့် ဖရုံသီးဆန်နေသည်။ ဟော်လိုးဝင်းအတွက် ဘာကြောင့်ဖရုံသီးတွေဖြစ်နေတာလဲ သိချင်ရင်တော့ ထုံးစမ်းအတိုင်း အင်တာနက်မှာရှာကြည့်ပါ။ ကျွန်တော်ကတော့ ဖရုံသီးတွေနဲ့ပတ်သတ်ပြီး ကလေးတုန်းကလည်း သောက်ဖက်မလုပ်သလို အခုလည်းသောက်ဖက်လုပ်မှာမဟုတ်ဘူး။ ကလေးတုန်းက သကြားလုံးတွေ၊ ဝေဖာတွေ၊ ချောကလက်တွေနဲ့ သောက်လုပ်ရှုပ်နေခဲ့ပြီး အခုကတော့ ဝတ်စုံဒီဇိုင်းတွေနဲ့ပေါ့။ ကိုယ်ဖြစ်ချင်တဲ့သူပုံစံဝတ်ခွင့်ရတာ ဟော်လိုးဝင်းပဲရှိတာကိုး။

BDSM သားရေအင်္ကျီတွေဝတ်ပြီး လူကြားထဲလျှောက်သွားလို့ရတယ်။ 'Sexy and i know it' သီချင်းထဲကလို ပြောင်လတ်ပြီး တုန်ခါနေတဲ့ သုံးမြှောင့်အတွင်းခံဘောင်းဘီတွေလည်း ဝတ်လို့ရတယ်။ ကျွန်တော်အကြိုက်ကတော့ ယူနီဖောင်းတွေပါပဲ။ စစ်ယူနီဖောင်း၊ ယာဉ်ထိန်းရဲယူနီဖောင်း၊ ရဲယူနီဖောင်း၊ သဘောင်္သားယူနီဖောင်း… ပြီးတော့ အဲယူနီဖောင်းတွေက ဘော်ဒီအမိုက်စားတွေပေါ်မှာရှိနေရင် ပိုကြိုက်မယ်။

Merv နဲ့အတူ အဖိုးကြီးဂျော့်ဒ်သစ်ပင်ကို TP-ing လုပ်ဖို့ ပြောထားပေမဲ့ Toilet Paper တွေသွားယူတာ နာရီဝက်တောင်ကြာနေပြီမို့ ကျွန်တော်အခန်းပြန်ပြီး ရဲအရာရှိဝတ်စုံလဲဝတ်လိုက်သည်။ ဝတ်ချင်လွန်းလို့မတ်စ်တောင်းမသွားခင်ကတည်းက ပြန့်နေအောင် မီးပူတိုက်ထားတော့ အခု ကျွန်တော့်ကိုယ်ပေါ်မှာ ချပ်ကပ်နေသည်။ ကော်လံနဲ့ နက်ခ်တိုင်ကို စမတ်အကျဆုံးဖြစ်အောင်ချိန်ဆပြီး ခါးပတ်ခေါင်းကိုလည်းကျပ်နေအောင် ပြင်လိုက်သည်။ လက်ထိပ်ကိုခါးကြားအိတ်ကပ်မှာချိန်လိုက်ပြီး ကျွန်တော့်ဆီမှာဖမ်းခံချင်တဲ့သူရှိရင် ကောင်းမှာပဲဟု ညစ်တီးညစ်ပတ်တွေးမိသည်။

Dear, RelationshipWhere stories live. Discover now