.. ၆၇ ..
19.5K 2.3K 110
《Zawgyi》
အပိုင်း - ၆၇
[သဝန်တိုခြင်း - ၁]
ကူထုံးက သွားဖို့အတွက် အတင်းကို လောဆော်နေချိန်မှာတော့ ချင်းစုယွဲ့က စဉ်းစားမရ ဖြစ်သွားသည်။ သူမက တကယ်ကို ဘယ်သူ့ကိုမှ အရူးလုပ်ဖို့ ကြိုးစားနေတာ မဟုတ်တာကို သူတို့က ဘာပြောစေချင်ကြတာလဲ?
လမ်းပြပေးနေချိန်တွင် ချင်းစုယွဲ့က အတွေးထဲ နစ်မြုပ်နေသဖြင့် စကားတစ်ခွန်းမျှ မပြောခဲ့ပေ။ ဒါပေါ့ သူမ တိတ်ဆိတ်ငြိမ်သက်နေမှုရဲ့ အဓိက အကြောင်းအရင်းကတော့ သူမက ချန်းစီနျန်နှင့် စကားမပြောလို၍ပင်။
ဒါပေမယ့် ချန်းစီနျန်ကတော့ သူမနှင့် စကားပြောချင်နေပေ၏! သူမက နောက်သို့ ပြန်လှည့်မကြည့်ပဲ ကသုတ်ကရက် အလျှင်အမြန် လမ်းလျှောက်နေတာကိုသာ သူ မြင်နိုင်သော်လည်း မတတ်နိုင်ပဲ သူမရဲ့ နောက်ကျောဘက်ထံသို့ ခဏခဏ ဖျတ်ခနဲ အကြည့်ရောက်သွားတတ်ပြန်သည်။ သူ နောက်ထပ် သည်းမခံနိုင်တော့ချိန်မှာတော့ ချန်းစီနျန်ဟာ နောက်ဆုံးတွင် သူ့ခြေလှမ်းတွေကို အကျဲကြီးလှမ်းလျက် သူမရဲ့နံဘေးသို့ရောက်အောင် အနားကပ်သွားသည်။
လက်ထောက်ဝမ်ကတော့ အဖြစ်အပျက် အလုံးစုံကို အနောက်ကနေ အကုန် မြင်တွေ့လိုက်ရပြီး သူ့မျက်ဝန်းတွေက ရှော့ရသဖြင့် ပြူးကျယ်လာလေလျက် သူက တမင်တကာပင် ထိုအတွဲနှင့် အကွာအဝေး အနည်းငယ်လောက် ချပ်လှပ်ကာ လမ်းလျှောက်လိုက်တော့သည်။ သူက သူ့ဘော့စ်ရဲ့ ရှက်ကိုးရှက်ကန်း ဖြစ်နေသည့် တခဏတာကို မမြင်လိုက်မိသကဲ့သို့ ဟန်ဆောင်လိုက်၏။
ချင်းစုယွဲ့က ခြေလှမ်းအနည်းငယ်လောက် လျှောက်လှမ်းပြီးသည့်နောက်တွင် ထူးခြားနေသည့် တစ်စုံတစ်ရာကို သတိပြုမိသွားပြီး သူမရဲ့ မျက်ဝန်းထောင့် ဘေးဘက်တွင် မြင်တွေ့နေရသည့် ချန်းစီနျန်ကို ကြည့်လျက် မျက်မှောင်ကျုံ့လိုက်၏ "ရှင် ဘာလုပ်နေတာလဲ?"
ချန်းစီနျန်က ပြန်တုံ့ပြန်လိုက်သည် "မင်းအတန်းဖော်ရဲ့ မေးခွန်းကို ဘယ်လိုဖြေလိုက်တာလဲ?"
"ဘာမေးခွန်းလဲ?" ချင်းစုယွဲ့က တစ်ချက်လေးတောင် ဂရုမစိုက်ပဲ ပြန်ပြောလိုက်သည်။