Chapter - 3

47.7K 4.4K 33
                                    

(Unicode)

တစ်ခုသော တနင်္ဂနွေနေ့ မနက်ခင်း ..
အင်းယားကန်နား Golden City အိမ်ရာမှ
တိုက်ခန်းနံပါတ် 406A သည် ခန့်တည်တို့နှစ်ဦး၏ စတင်အခြေပြုခြင်းကို သက်သေတည်သည်။

ဘုန်းကြီးငါးပါးပင့်ကာ အိမ်တက်ဆွမ်းကျွေးခဲ့သည်မှာ မေမေ့အသိုင်းအဝိုင်းအတွက် မကြီးကျယ်သော်လည်း ခန့်တည်နှင့် Jeyအတွက်တော့ တင့်တယ်သယောင်ယောင် ရှိသည် ။ ပင်မခေါင်းစဉ်ကသာ အိမ်တက်ဆွမ်းကျွေး. အချို့သော ဧည့်သည်တို့အတွက်တော့ "ဒေါ်ခင်မေနိုင် သားလေးက လိင်တူခြင်း ပေါင်းဖက်သတဲ့" ဟူသော ခေါင်းစဉ်တပ်စရာ တရားမဝင် စာစီစာကုံးများ ဖြစ်နေသည်။

သို့လော သို့လော အသံများကို ကြားနေရသော်လည်း အစ်ကို Jeyမှာ ဂရုစိုက်ခြင်း အလျဉ်းမရှိ. ရေခဲမုန့်ခပ်နေသည့် အစ်ကိုကြီးနားသွားကာ နို့ရေခဲမုန့်တစ်ခွက်တောင်းနေသည်။ "ကလေးမဟုတ် သူငယ်မဟုတ်" ဟုစိတ်ထဲကသာ ရေရွတ်မိတော့သည်။

~~~~~~~~

ပွဲပြီး၍ အကုန်လုံး သိမ်းဆည်း တိုက်ချွတ်ပြီးသောအခါ ဧည့်ခန်းတွင် အန်တီနွေးနှင့် အစ်ကို Jey စကားပြောနေသည်။ ခန့်တည်က အနားသွားရန် ဟန်ပြင်တော့ အစ်ကိုက လှမ်းပြောပါ၏။

"အန်တီခင်မေ အိပ်ခန်းထဲမှာ စောင့်နေတယ် ခန့်တည်"

"ဪ ဟုတ်ကဲ့ အစ်ကို"

တစ်နေ့တာလုံးတွင်မှ စပြောခဲ့မိသည့်စကားနှစ်ခွန်းကလည်း ..

"မေမေ"

မေမေသည် အိပ်ယာပေါ်တွင် တစောင်းထိုင်ကာ ခေါင်းအုံးရှိရာသို့ တွေတွေလေး ငေးကြည့်နေသည်။

"မေမေ သားရောက်ပြီ"

"ဪ ခန့်တည်၊ sorry ကွယ်မေမေ အတွေးနည်းနည်းလွန်သွားလို့"

"မေမေ ဘာတွေးနေလဲ သားသိသလိုပဲ"

ခန့်တည် မေမေနားသွားထိုင်ကာ မေမေ့ပုခုံးကိုဖက်လိုက်သည်။

"မမသာရှိနေသေးရင် ဒီကိစ္စကိုသိလည်း ဘာမှပြောလောက်မှာမဟုတ်ပါဘူး၊ အတတ်နိုင်ဆုံးတော့ မေမေလည်း မမနောက်ဆုံးအချိန်အထိ ဖြောင့်ဖြပေးခဲ့တာပဲ၊ ဒါလည်းကောင်းတဲ့လုပ်ရပ်ပါမေမေ စိတ်တော့မပူပါနဲ့ ကျွန်တော် စိတ်မယိုင်ပါဘူး၊ ပြီးတော့ ကိုယ့်အစ်မတစ်ယောက်လုံး ဒီလိုဖြစ်ခဲ့တာ ကျွန်တော့်စိတ်က သေချာပေါက် မမခံစားရသလို မလုပ်လောက်ပါဘူး"

Rhyme Made Of Love (Completed)Where stories live. Discover now